Sunday, July 1, 2012

အင်းလေးကန်ဒေသ အနောက်ဘက်၌ လူမှုစီးပွားရေးစစ်တမ်း ကောက်ယူသွားမည်

လူမှုစီးပွားရေး စစ်တမ်းတစ်ခုအား အင်းလေးကန်ဒေသ အနောက်ဘက်ရှိ ရွာများ၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်း တစ်ခုဖြစ်သည့် FREDA နှင့် ဂျပန်နိုင်ငံမှ ကုမ္ပဏီတစ်ခုတို့ ပူးပေါင်းဆောင်ရွက် ကောက်ယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

လူမှုစစ်တမ်း စီမံကိန်းအတွင်း အိမ်ထောင်စုစာရင်း၊ အိမ်ထောင်စုဝင်များ၏ ပညာအရည်အချင်း၊ လုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်း၊ ကလေးဦးရေ၊ ၀င်ငွေ၊ ထွက်ငွေ အခြေအနေ အစရှိသည်များကို ကောက်ယူပြုစုသွားမည်ဖြစ်ပြီး၊ အဆိုပါဒေသရှိ ကျေးရွာများ၏ မီးလင်းရေး လုပ်ငန်းများကိုပါ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
''ဆီထုတ်တဲ့လုပ်ငန်း၊ ကြက်ဆူ စိုက်တဲ့လုပ်ငန်းမှာ ၀င်ရောက်လုပ်ကိုင်ရင်း ဒေသခံတွေလည်း အလုပ်အကိုင်ရမယ်။ အဓိကတော့ ဒေသခံတွေ မီးရရှိရေးနဲ့ စီးပွားရေး အဆင်ပြေအောင် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ် ပါတယ်''ဟု FREDA မှ ဦးအုန်းက ပြောကြားခဲ့ပါသည်။ ယင်းသို့ လုပ်ဆောင်မည့် လယ်မောင်းကွေ့ဒေသတွင် ကျေးရွာပေါင်း ခြောက်ရွာရှိပြီး အိမ်ခြေပေါင်း တစ်ထောင်ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။