ရခိုင်တိုင်းရင်းသားများ ပြန်လည် ထူထောင်ရေး ရန်ပုံငွေပဒေသာကပွဲ ကျင်းပ
2012-07-01
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ကြီးမှူးပြီး နှင်းဆီအဖွဲ့သားများနှင့် ရုပ်ရှင်အနုပညာရှင်များ ဖျော်ဖြေကပြတဲ့ ရခိုင် တိုင်းရင်းသားများ ပြန် လည်ထူထောင်ရေး ရန်ပုံငွေပဒေသာကပွဲကို ဇွန်လ ၃၀ ရက်နေ့ ညပိုင်းက ဒဂုံမြို့နယ် အမျိုးသားကဇာတ်ရုံမှာ ကျင်းပ ပြုလုပ်ခဲ့ပါ တယ်။
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင်
ရခိုင်ပြည်နယ် စစ်တွေမြို့ ကယ်ဆယ်ရေးစခန်း ကိုးခုရှိ ဒုက္ခသည်များအား
ကူညီထောက်ပံ့ လှူဒါန်းပွဲ အခမ်းအနား၌ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ
ဦးဇင်ဝိုင်း စကားပြောကြားနေစဉ်။
အဲဒီပွဲကနေရရှိတဲ့ ရန်ပုံငွေ ကျပ်သိန်းကိုးရာကျော်နဲ့
ထောက်ပံ့ပစ္စည်း ၉၂ ထုပ်တို့ကို ဇူလိုင်လ ၁ နေ့မှာ ရခိုင်ပြည်နယ်
စစ်တွေမြို့က ကယ်ဆယ်ရေးစခန်း ကိုးခုကို ရုပ်ရှင်အနုပညာရှင်များ ကိုယ်တိုင်
သွားရောက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင် သရုပ်ဆောင်တချို့ ဟာ ကောက်ခံရရှိတဲ့အလှုငွေနဲ့ ရန်ပုံငွေတွေကို ကချင်ပြည်နယ်က စစ်ပွဲတွေကြောင့် အခက်အခဲ ကြုံတွေ့နေရတဲ့ ဒုက္ခသည်တွေကို လှုဒါန်းဖို့အတွက် ဒီကနေ့ မနက်ပိုင်းမှာ ကချင်ပြည် နယ် မြစ်ကြီးနား မြို့ကို ထွက်ခွာ သွားပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။