Wednesday, July 4, 2012

ပိတ်ဆို့မှု လုံးဝရုပ်သိမ်းစေချင်ရင် လက်တွေ့ဆောင်ရွက်ပြဖို့ ဒေါ်စုပြောကြား

ပိတ်ဆို့မှု လုံးဝရုပ်သိမ်းစေချင်ရင် လက်တွေ့ဆောင်ရွက်ပြဖို့ ဒေါ်စုပြောကြား
2012-07-03
မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေအားလုံး ဖယ်ရှားနိုင်ရေး အတွက် အခုလို ယာယီဆိုင်းငံ့ထားချိန်မှာ သက် ဆိုင်သူတွေက အောင်မြင်အောင် ဆောင်ရွက် ပြသ နိုင်ဖို့ လိုတယ်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆော င် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။
RFA

၂၀၁၂ ခုနှစ် ဇူလိုင်လ ၃ ရက်က ရန်ကုန်မြို့ NLD ပါတီ ရုံးချုပ်တွင် ပြုလုပ်သည့် ဥရောပ (၅) နိုင်ငံခရီးစဉ် အတွေ့ အကြုံ သတင်းစာ ရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည် က ရှင်းလင်း ပြောကြားနေစဉ်။
ရန်ကုန်မြို့ အန်အယ်ဒီပါတီ ရုံးချုပ်မှာ ဒီကနေ့ ပြုလုပ်တဲ့ ဥရောပ (၅) နိုင်ငံခရီးစဉ် အတွေ့အကြုံ သတင်းစာရှင်းလင်းပွဲမှာ RFA ရဲ့ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့ တာ ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတကာက မိမိတို့ တိုင်းပြည်အပေါ် စေတနာရှိပါကြာင်း၊ အဲဒီစေတနာတွေ အကျိုးရှိလာအောင် မြန်မာနိုင်ငံဘက်က လုပ်ဆောင်ရမှာ ဖြစ်ကြောင်း စသဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည် က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ဆက်လက်ပြီး ရခိုင်ပြည်နယ်က ပဋိပက္ခကို ရေတိုရေရှည် နည်းလမ်း နှစ်မျိုးနှင့် ဖြေရှင်း သွားရလိမ့်မယ် လို့ ဒေါ်အောင်ဆန်း စုကြည် က ပြောပါတယ်။ မတူညီတဲ့ လူမျိုးစုတွေ အကြား ပြန်လည် သင့်မြတ်မှုရရှိရေးအတွက် တရားဥပဒေ စိုးမိုးရေး နည်း လမ်းတွေ နဲ့ ဖြေရှင်းသွား ရမှာ ဖြစ်တယ်လို့ သူက ပြောဆိုလိုက်ပါတယ်။
"ဒီရခိုင်ကိစ္စနဲ့ ပတ်သက်လို့ ကျွန်မတို့ ခရီးစဉ်မှာလည်း ခဏ ခဏ မေးပါတယ်။ ကျွန်မကတော့ ဒီဟာနှစ်ပိုင်း စဉ်းစား ရမယ်ပေါ့နော်။ တစ်ပိုင်းကတော့ ရေရှည်အတွက်ဆိုလို့ရှိရင် ဘာသာ မတူတဲ့ ယဉ်ကျေးမှုမတူတဲ့ အစုအဖွဲ့တွေကြားထဲမှာ အဆင်ပြေအောင် လုပ်ဖို့ဆိုတာ အချိန်ယူရတယ် ဆိုတာ ဒါကတော့ အားလုံး သိပြီးသားကိစ္စပါ။ ဒါပေမဲ့ ရေတိုမှာတော့ ကျွန်မအမြင်မှာတော့ ကျွန်မတို့က ဒီဥပဒေ စိုးမိုရေး ကို ရှေ့တန်းတင်တင်နေလို့ ပြောတာ မဟုတ်ပါဘူး။ ဒီလို ကိစ္စတွေကြောင့်မို့လို့ ဥပဒေစိုးမိုးရေးကို ရှေ့တန်းတင်ရမယ်လို့ ကျွန်မတို့ မြင်တာပါ"
အခုလို ရခိုင်ပြည်က ပြဿနာတွေ ဖြေရှင်းဖို့အတွက် ရခိုင်အဖွဲ့ အစည်းတွေနဲ့ လက်တွဲဆောင်ရွက် သွားမယ်လို့လည်း ဒေါ်အောင် ဆန်းစုကြည် က ပြောကြားခဲ့ပါတယ်။
ဒီကနေ့ ရှင်းလင်းပွဲမှာပဲ မြန်မာနိုင်ငံကို "Burma" လို့ အင်္ဂလိပ် ဘာ သာစကားနဲ့ ပြောဆို သုံးစွဲတာဟာ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့  ဒီမိုကရေစီ ကျင့်စဉ် သဘောအရ သုံးစွဲတာ ဖြစ်တယ်လို့ ဒေါ်အောင် ဆန်းစုကြည်က ပြောလိုက်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး စောမောင်လက်ထက် န၀တ ခေတ် က ပြည်သူလူထု ရဲ့ သဘောထား ဆန္ဒကို မလေ့လာပဲ Burma လို့ အရင်ကတည်းက သုံးစွဲခဲ့တာကို Myanmar လို့ ပြောင်းခဲ့တာ ဖြစ်တယ်လို့ ပြော ပါတယ်။
ဆန္ဒခံယူပွဲလို မဟုတ်တောင်မှ အနည်းဆုံး ပြည်သူ တွေရဲ့ သဘော ထားကို လေ့လာပြီး ပြောင်းမှသာ ဒီမိုကရေစီ သဘောထားကို လေး စားရာ ကျလိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါ တယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။