Showing posts with label နယူးဒေလီ (မဇ္ဈိမ). Show all posts
Showing posts with label နယူးဒေလီ (မဇ္ဈိမ). Show all posts

Thursday, July 26, 2012

ပါကစ္စတန် လူ့အခွင့်အရေးခေါင်းဆောင် ဗီဇာ အငြင်းပယ်ခံရ

နယူးဒေလီ (မဇ္ဈိမ)။       ။ ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာ မူဆလင်များ အစုအပြုံလိုက် သတ်ဖြတ်ခံရမှုအတွက် အချက်အလက်များ လာရောက်လေ့လာရယူရန်အတွက် မြန်မာနိုင်ငံသို့ လာရောက်လိုသည့် ပါကစ္စတန် လူ့အခွင့်အရေး လှုပ်ရှားမှုခေါင်းဆောင် Ansar Burney နှင့် လုပ်ဖော်ကိုင်ဖက် တဦးတို့အား မြန်မာနိုင်ငံမှ ပြည်ဝင်ခွင့်
ဗီဇာ ငြင်းပယ်လိုက်ကြောင်း သိရသည်။

Thursday, May 24, 2012

ပေါင်းတည်မြို့တွင်လည်း လျှပ်စစ်မီးအရေး ဆန္ဒဖော်ထုတ်

နယူးဒေလီ (မဇ္ဈိမ) ။       ။ ပဲခူးတိုင်း၊ ပေါင်းတည်မြို့တွင် မြို့ခံပြည်သူများက လျှပ်စစ်မီးရရှိရေး ဗုဒ္ဓဟူးနေ့ညတွင် ဖယောင်းတိုင်များ မီးထွန်းကာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း ပေါင်းတည်မြို့ခံ မနီနီမာက ပြောသည်။

Wednesday, May 23, 2012

မုံရွာလျှပ်စစ်မီးရရှိရေး ဒုတိယနေ့ ဖယောင်းတိုင်မီးထွန်း ဆန္ဒပြ

A-peaceful-candle-lit-walk-for-light-5sနယူးဒေလီ (မဇ္ဈိမ) ။         ။ မုံရွာမြို့ခံလူငယ်များက ဦးဆောင်ကာ လျှပ်စစ်မီး ပုံမှန်ရရှိရေး ဖယောင်းတိုင်မီး ထွန်းညှိ ဆန္ဒပြခြင်းကို မေလ (၂၂) ရက်နေ့ တွင် ဒုတိယနေ့အဖြစ် ည (၈) နာရီခန့်မှစတင်ကာ အသံတိတ် ငြိမ်းချမ်းစွာ ဆန္ဒပြ လမ်းလျှောက် ချီတက်ခဲ့ကြကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူ မုံရွာမြိုခံ ကိုရဲရင့်ကျော်က ပြောသည်။

Tuesday, May 22, 2012

7 July နှစ် (၅၀) ပြည့် အခမ်းအနား မန္တလေးတွင် ကျင်းပရန် စီစဉ်နေ

နယူးဒေလီ (မဇ္ဈိမ) ။        ။ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦး ဖြိုဖျက်ခံရသည် နှစ် (၅၀) ပြည့် 7 July နေ့အခမ်းအနားကို မန္တလေးမြို့တွင် ကျင်းပရန်အတွက် ဗကသ များအဖွဲ့ချုပ် (အထက်ဗမာပြည်)မှ ဦးစီး၍ စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။