ဆန္ဒပြအလုပ်သမားများနှင့် ကိုမင်းကိုနိုင်တို့ စက်ရုံများရှေ့တွင် တွေ့ဆုံနေစဉ်
လှိုင်သာယာစက်မှုဇုန် ဆန္ဒပြ စက်ရုံအလုပ်သမားများထံသို့ ၈၈
မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့်အဖွဲ့တို့ မေလ (၂၁)
ရက်နေ့က လာရောက်တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
ဆန္ဒပြအလုပ်သမားများနှင့် ကိုမင်းကိုနိုင်တို့ စက်ရုံများရှေ့တွင် တွေ့ဆုံနေစဉ်
ကိုမင်းကိုနိုင်နှင့်အဖွဲ့သည် ဆန္ဒပြစက်ရုံများဖြစ်သည့် Hi Mo
ဆံပင်တုစက်ရုံ၊ ပုလဲ၊ YJ၊ နေမင်းအောင်နှင့် စပယ်ပွင့်
အထည်ချုပ်စက်ရုံများသို့ သွားရောက်ပြီး ဆန္ဒပြ စက်ရုံအလုပ်သမားများအား
အကြမ်းဖက်မှုများမပြုလုပ်ပဲ ငြိမ်းအေးစွာဖြင့် မိမိတို့ဆန္ဒကို တောင်းဆိုရန်၊
အ ချင်းချင်း ညီညွတ်ကြရန်၊ စည်းကမ်းရှိရှိ သစ္စာရှိရှိဖြင့် ငြိမ်းအေးစွာ
ဆန္ဒပြတောင်းဆိုကြရန် ပြောကြားခဲ့ပြီး ၈၈
မျိုးဆက်ကျောင်းသားများအနေဖြင့်လည်း အလုပ်သမားများ၏ ကျန်းမာရေးနှင့်
ရိက္ခာအတွက်တတ်နိုင်သလောက် ကူညီထောက်ပံ့မှုများ ပေးသွားမည်ဖြစ်ကြောင်း
ပြောကြားခဲ့သည်ဟု သတင်းရရှိသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။