Tuesday, May 22, 2012

Grand Royal စက်ရုံအခြေခံလုပ်သားများက အလုပ်ရှင်အားပုဒ်မ(၅၁)အရအရေးယူပေးပါရန် အလုပ်သမားဝန်ကြီးဋ္ဌာနသို့ တောင်းဆို

မေလ ၂၁ ရက်နေ့တွင် Grand Royal စက်ရုံမှ အခြေခံအလုပ်သမားများသည်အလုပ်ရှင်အား အလုပ်သမားအက်ဥပဒေ ပုဒ်မ (၅၁)အရ အရေးယူပေးပါရန်အလုပ်သမားဝန်ကြီးဋ္ဌာနသို့ တင်ပြတောင်းဆိုခဲ့ကြောင်း သိရှိရသည်။
 
  အဆိုပါစက်ရုံမှ အဖျော်ယမကာလုပ်သားများသည် ဧပြီလ (၂၈)ရက်နေ့မှ စတင်၍ရေသန့်လုံလောက်စွာ ရရှိရေးအတွက် စတင်တောင်းဆိုခဲ့ကြပြီး၊ ယခုအခါအခြေခံလစာတိုးမြှုင့်ရေးအတွက် ဆက်လျက်တောင်းဆိုနေဆဲဖြစ်ကြောင်းသိရှိရသည်။




`အလုပ်သမားတွေ ဘက်ကနေ စာတင်ထားတာပဲ ရှိပါတယ်၊အဲဒီစာကညွှန်ချုပ်လက်ထဲကိုတော့ ရောက်ရှိသွားပါပြီ။ဘယ်လို
ဖြေရှင်းမယ်ဆိုတာကိုတော့ မသိရသေးပါဘူး၊ လုပ်ထုံးလုပ်နည်းအရကတော့ပိုင်ရှင်နဲ့ အလုပ်သမား ပြန်ဆွေးနွေးခိုင်းမှာ ပါပဲ`ဟု ရန်ကုန်တိုင်းဒေသကြီး၊ အလုပ်သမားဝန်ကြီးဋ္ဌာန၊ ညွှန်ကြားမှုဦးစီးဋ္ဌာနမှဝန်ထမ်းတဦးက ပြောသည်။

 “ဒီလိုအငြင်းပွားမှု ဖြေရှင်းနေဆဲကာလမှာ အလုပ်ထုတ်တာ ဥပဒေနဲ့ မညီဘူး၊ဥပဒေနဲ့ မညီတဲ့ အတွက် အလုပ်ရှင်ကို တရားဆွဲဆို အရေးယူပေးဖို့အလုပ်သမားဖွဲ့စည်းမှု ဥပဒေ (၅၁)အရ ကျွန်တော်တို့ လျှောက်ထားတယ်။ အဲ့ဒီမှာ
ပုဒ်မအရ ထောင်ဒဏ်(၁)နှစ် ငွေဒဏ်(၁)သိန်း (သို့မဟုတ်) ဒဏ်ငွေရောထောင်ဒဏ်ရော နှစ်ခုစလုံးခံ ရနိုင်တယ်လို့ အဲ့ဒီ ဥပဒေမှာပါထားတယ်”ဟု အလုပ်သမားများအတွက် အကျိုးဆောင်ပေးနေသော အထက်တန်းရှေ့နေ ဦးအောင်သန့်ကျော်က
ပြောသည်။

အလုပ်သမားဖွဲ့စည်းမှုဥပဒေပုဒ်မ (၅၁)သည်အလုပ်ရှင်ဘက်ကစည်းကမ်းဖောက်ဖျက်မှုများအား ထောင်ဒဏ်(သို့) ငွေဒဏ်ကျ ခံစေနိုင်သောပုဒ်မတစ်ခုဖြစ်ကြောင်းသိရသည်။

ဧပြီလ ၂၈ ရက်နေ့မှစတင်ပြီး အဆိုပါစက်ရုံမှ အဖျော်ယမကာလုပ်သားများအနေဖြင့်ရေသန့်ရရှိရေးဆန္ဒပြတောင်းဆိုခဲ့ရာမှ အခြေခံလစာငွေ (၅၁၀၀၀)ကျပ်ရရှိရာမှ(၇၀၀၀၀)ကျပ်သို့ တိုးမြှင့်ရေးအတွက် ဆက်လျက်တောင်းဆိုခဲ့ခြင်းဖြစ်သည်။

 “ဒီကုမ္ပဏီက တခြားမှာကျတော့ စပွန်ဆာတွေ ပေးဘာတွေပေးနဲ့ ကုန်ကျခံပြီးလုပ်နေနိုင်တာပဲ။ ကျွန်မတို့ကလည်း ကုမ္ပဏီကောင်းကျိုးအတွက်လုပ်ပေးနေတာပါပဲ။ လိုက်လျောပေးနိုင်မယ်လို့လည်း ထင်ပါတယ်။ အပြင်မှာလည်း
ဒီကုမ္ပဏီက နိုင်ငံတကာ ကုမ္ပဏီကြီးပါပဲ။ ကျွန်မတို့ ၀န်ထမ်းတွေတောင်းဆိုတာလည်း မလွန်ဘူးလို့ ထင်ပါတယ်။”ဟု Grand Royal ကအလုပ်သမတစ်ဦးဖြစ်သူ မသူသူအေး ကပြောသည်။

 Grand Royal စက်ရုံမှာ IBTCကုမ္ပဏီမှ ပိုင်ဆိုင်ပြီး၊မြန့်မာ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဦးအောင်မိုး ကျော်အပါအ၀င်
ရှယ်ယာရှင်(၅)ဦး ပိုင်ဆိုင်သောကုမ္ပဏီဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။