
“အခု အခွန်တွေကို
ပြောင်းလဲကောက်ခံလိုက်တယ်။ လျော့ကောက်တာလည်း ရှိတယ်။ ခေတ်စနစ်နဲ့
လိုက်လျော့မယ့် နူန်းထားတွေ တိုးမြှင့်ထားပါတယ်။
စားသုံးသူလျှော့ချစေချင်တဲ့ ရည်ရွယ်ချက်နဲ့ အခွန်တိုး မြှင့်ကောက်ခံတာပါ။
အခွန်တွေကိုလည်း အခု ဧပြီလတစ်ရက်နေ့ထဲက စပြီး အကျုံးဝင်ပါတယ် ။
၂၀၁၂-၂၀၁၃ခုနှစ်မှာ စတင်ကောက်ခံမှာပါ ” ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ
ဒုညွန်ကြားရေးမှူး ဒေါ်ခင်ယမုံအောင် က ပြောသည်။
အဆိုပါအခွန်ပြောင်းလဲကောက်ခံခြင်းကို
၂၀၁၂ခုနှစ် ဧပြီလ(၁)ရက်နေ့မှ စတင်သတ်မှတ်ခဲ့ပြီး ၂၀၁၂-၂၀၁၃ခုနှစ်
ဘဏ္ဍာနှစ်တွင် စတင်ကောက်ခံသွားမည်ဖြစ်သည်။
ယခင်နှစ်များက
ပြည်တွင်း၌ ကောက်ခံနေသော စီးကရက်အခွန်မှာ ၇၅% ဖြစ်ပြီး၊ ယခု
ဧပြီလ(၁)ရက်နေ့မှ စတင်၍ ၁၀၀% သို့ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း၊
ဆေးရွက်ကြီးမှာ ယခင်က ၂၀%ကောက်ခံနေရာမှ ၅၀%သို့ လည်းကောင်း၊
အခြားကုန်ပစ္စည်းများကိုလည်း အခွန်ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း
ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရှိရသည် ။
|
စဉ် ကုန်စည်အမျိုးအမည် ယခင် ယခု
|
၁။ စီးကရက် ၇၅% ၁၀၀%
၂။ ဆေးရွက်ကြီး ၂၀% ၅၀%
၃။ ဗာဂျီးယားပေါင်းတင်ပြီးဆေး ၀% ၅၀%
၎။ ဆေးပေါ့လိပ် ၁၀% ၅၀%
၅။ ဆေးပြင်းလိပ်၊ ဆေးတံအမျိုးမျိုး ၂၀% ၅၀%
၆။ ဆေးတံသောက်ဆေးများ ၂၅% ၅၀%
၇။ ကွမ်းစားဆေး (မူစကီး) ၂၅% ၅၀%
၈။ အရက်အမျိုးမျိုး ၅၀%မှ ၂၀၀%ထိ ၅၀%
၉။ ဘီယာအမျိုးမျိုး ၅၀% ၅၀%
၁၀။ ၀ိုင်အမျိုးမျိုး ၅၀% ၅၀%
၁၁။ ကျွန်းသစ်လုံးနှင့် ကျွန်းခွဲသားများ ၂၅% ၅၀%
၁၂။ သစ်မာသစ်လုံးနှင့် သစ်မာခွဲသားများ ၂၀% ၅၀%
၁၃။ ကျောက်စိမ်းနှင့် အခြားအဖိုးတန် ကျောက်များ ၃၀% ၃၀%
၁၄။ အပေါ့စားဘင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့် ၂၅% ၂၅%
အပေါ့စားဝက်ဂွန် (Estate Wagon) ကားများ၊
ကူပေး(Coupe) ကားများ၊
၁၅။ ဓာတ်ဆီ ၁၇၀% ၁၀%
၁၆။ ဒီဇယ်ဆီ ၉၀% ၁၀%
၁၇။ ဂျက်လေယာဉ်ဆီ ၇၅% ၁၀%
၁၈။ သဘာဝဓာတ်ငွေ့ ၀% ၈%
|
“အခု
ကွမ်းယာဆိုင်ဆိုတာ ဘယ်နားကြည့်ကြည့်တွေ့ရတယ်။ ကားမှတ်တိုင်တွေနားဆို
တစ်ပုံကြီး။ အခွန် တိုးမြှင့်လိုက်ရင် အဲ့ဒီပစ္စည်းနဲ့ ဆက်ဆက်တဲ့
ကုန်ပစ္စည်းလည်း ဈေးတက်လာမယ်။ စားသုံးသူလဲနည်းသွား မယ်လို့ထင်တယ်။”ဟု
ဒဂုံမြို့သစ်မြောက်ပိုင်း (၄၃-၄၄)လမ်းထိပ်တွင် ကွမ်းယာနှင့်
ဆေးလိပ်ရောင်းချသူ ကိုလင်းက ပြောသည်။
မူးယစ်စေသော
စားသောက်ကုန်များတွင် အရက်များပါဝင်နေသော်လည်း အခွန်တိုးမြှင့်
ကောက်ခံခြင်း မျိုးမရှိပဲ၊ ယခင်နူန်းထားများအတိုင်းသာ
ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းအခွန်ကောက်ခံနေရာ၌
ယခင်နှစ်များတွင် အရက်အမျိုးမျိုးအား ၅၀%မှ ၂၀၀%အထိကောက်ခံရာမှ ယခု ဧပြီလ
၁ရက်နေ့မှ စတင်၍ ၅၀%သို့လည်းကောင်း၊ ဘီယာအမျိုးမျိုးအား ယခင် ၅၀%မှ
ယခုတွင်လည်း ၅၀%သာကောက်ခံ သွားမည်ဖြစ်ပြီး၊ ၀ိုင်အမျိုးမျိုးကိုလည်း ယခင်
၅၀%အတိုင်းသာ ပြောင်းလဲခြင်းမရှိပဲ ကောက်ခံ သွားမည်ဖြစ်သည်။
“ဒီမှာက
ဆေးလိပ်ထက်ကို အရက်အခွန်ကို အရမ်းတိုးမြှင့် ကောက်ခံသင့်တယ်။
ဘာလို့လည်းဆိုတော့ ဒီမှာက ကလေးရော လူငယ်ရော လူကြီးရော အရက်သောက်နေတာ
တွေ့ရတယ်။ ပျက်စီးနေကြတယ်။ အဲတော့ အကောင်းဆုံးကတော့ အခွန်များများကောက်
တင်ပို့တာတွေ တင်သွင်းတာတွေမရှိလောက်အောင်အထိကို လုပ်ရင် ကောင်းမယ်ထင်တယ်”
ဟု မြောက်ဥက္ကလာပမြို့နယ်၊ ၂ရပ်ကွက်မှ ဒေါ်အေးက ပြောသည်။
စီးကရက်၊
အရက်အမျိုးမျိုးနှင့် အခြားကုန်ပစ္စည်များ၏ ကုန်သွယ်လုပ်ငန်းခွန်ဆိုင်ရာ
အမိန့်ကြော်ငြာစာအမှတ်- ၁၁၆/၂၀၁၂- တွင် အခွန်နူန်းမြင့်အထူးကုန်စည်များအား
အောက်ပါအတိုင်း သတ်မှတ်ထားသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။