Tuesday, May 22, 2012

မန္တလေး လျှပ်စစ်မီးရရှိရေး ဒုတိယ မြောက်နေ့ ဆန္ဒပြပွဲမှ ပြည်သူတွေနဲ့ ဆရာတော်ဦးဝိရသူ (ရုပ်/သံ)

လျှပ်စစ်မီး  ပြတ်တောက်မှုကြောင့် စီတန်း လှည့်လည် ဆန္ဒပြမှုများ ဖြစ်ပွားနေတဲ့ မန္တလေး မြို့တော်မှာ လျှပ်စစ်မီး ရရှိရေးအတွက်  မေလ ၂၁ ရက် ဒုတိယနေ့ မှာလည်း ဆက်လက် ဆန္ဒပြခဲ့ပါတယ်။


 ည ၆ နာရီ အချိန်ကစပြီ ဆီဒိုးနား ဟိုတယ်ရှေ့ မှာ ဆန္ဒပြသူများနှင့် ဆန္ဒပြသူများကို လာရောက် ကြည့်ရှုကြသူများ ခန့်မှန်းခြေ ထောင်ကျော် ရှိကြောင်းမြို့ ခံများကပြောပါတယ်။  ဆန္ဒပြသူများက  ဖယောင်းတိုင်မီး တစ်ဖက်၊ လျှပ်စစ်ဓာတ်အား ပေးဝေးမှုနှင့် ပတ်သက်ပြီး ဆန္ဒထုတ်ဖော် ရေးသားထားသည့် စာရွက်များ တစ်ဖက် ကိုင်ဆောင်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြပွဲကို လာရောက်အားပေးတဲ့ ဆရာတော်ဦးဝိရသူ ကတော့ ဆန္ဒပြသူတွေနဲ့ အပြန်အလှန်ပြောဆိုရာမှာ လျှပ်စစ်ဝန်ကြီး
ဦးဇော်မင်း ကို ကချင်ပြည်နယ်ပို့ ပြီး KIA နဲ့ သွားတွေ့ ရမယ်လို့ ပြောဆိုလိုက်ပါတယ်။ ဆရာတော်ဦးဝိရသူ ရဲ့ ပြောဆိုချက်ကို
ဗွီဒီယို ဖိုင်မှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ဗွီဒီယိုဖိုင်မှာ ဖုန်းနဲ့ လျှပ်တပျက်ရိုက်ပြီး ပြည်သူတဦးက ပေးပို့ ထားတာဖြစ်လို့ 
အဆင်မပြေမှုလေးတွေကို နားလည်ကြည့်ရှုပေးကြပါခင်ဗျာ။

Myanmar News Now

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။