Tuesday, May 22, 2012

UNDP က မြန်မာနိုင်ငံတွင် သုံးနှစ်စီမံချက်ဖြင့် လုပ်ငန်းများကူညီရန် ဒေါ်လာ ၁၄၄ သန်း ကူညီပေးသွားမည်

ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP က မြန်မာနိုင်ငံတွင် သုံးနှစ်စီမံချက်ဖြင့် လုပ်ငန်းများ ကူညီပေးရန် အမေရိကန်ဒေါ်လာ ၁၄၄ သန်း ကူညီသွားမည်ဟု New Light of Myanmar သတင်းစာတွင် ဖော်ပြထားသည်။

UNDP ၏ ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ်နှင့်  အာရှပစိဖိတ်ဒေသရေးရာ ဒါရိုက်တာ Mr. Ajay Chhibber ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းတို့ မေလ ၁၇ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြရာတွင် UNDP ၏ ပုံမှန် အစီအစဉ်များ ပြန်လည်စတင်ရေး၊ မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရေးအတွက် စီမံချက်တစ်ရပ် ရေးဆွဲ အကောင်အထည်ဖော်ရေး၊ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေး စွမ်းရည်တိုးမြှင့်ရေးအတွက် နည်းပညာ ပံ့ပိုးကူညီမှုများပါဝင်ပြီး မြန်မာနိုင်ငံတွင် UNDP ရုံးခွဲကို ဖွင့်လှစ်ရန်တို့ ဆွေးနွေးခဲ့ကြသည်ဟု ဖော်ပြထားသည်။

၎င်းသည် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီးလက်တွေ့ကျသော ဖွံ့ဖြိုးမှုစီမံကိန်းများကို လွှတ်တော်နှင့် ပူးပေါင်းလုပ်ဆောင်သွားရန် ဆွေးနွေးခဲ့ကြကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်လည်း မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက လာရောက်ခဲ့ပြီး ၃၁ နှစ်အတွင်း မြန်မာနိုင်ငံ၏ ပထမဆုံးအကြိမ် သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သတ်၍ UN မှ ကူညီပေးသွားမည်ဟု ပြောကြားသွားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။