ကျပ်နှစ်သိန်းတန်
GSM ဖုန်းနှင့် နှစ်သိန်းခွဲတန် WCDMA ဖုန်းလိုင်းများတွင် အချင်းချင်း
ငွေလွှဲပြောင်း အသုံးပြုနိုင်သော ဘီလ်စနစ်အား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက
စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
“အချင်းအချင်းငွေလွှဲနိုင်တာက
လက်ရှိမှာ CDMA ငါးသိန်းတန် ၀၉ -၇၃ ဖုန်းတွေပဲရတယ်၊ နှစ်သိန်း
ဖုန်တွေကိုတော့ ငွေအချင်းချင်း လွဲပြောင်းလိုရအောင် စီစဉ်နေပါတယ်” ဟု
မြန်မာ့ဆက်သွယ်ရေး ကဏ္ဍ Call Centerမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာ့ဆက်သွယ်ရေးမှ ယခင်ချထားပေးသော ငါးသိန်းတန် GSM ဖုန်းများတွင် အချင်းချင်းငွေကြေး လွဲပြောင်းနိုင်ကြောင်း သိရှိရသည်။
၀၉
- ၇၃ နှင့် စတင်သည့် ကျပ်ငါးသိန်းတန် CDMA-800 Mz မိုဘိုင်းဖုန်းများသည်
အမျိုးတူ မိုဘိုင်းဖုန်းလိုင်းများ အချင်းချင်း ငွေကျပ် တစ်သိန်းအထိ
ဘီလ်စနစ်အား လွှဲပြောင်း အသုံးပြုနိုင်ပြီး လက်ရှိ ချထားပေးနေသည့်
နှစ်သိန်းတန် မိုဘိုင်းဖုန်းလိုင်းများ တွင်လည်း ငွေလွှဲပြောင်း
အသုံးပြုနိုင် သော ဘီလ်စနစ်ပါဝင်ခြင်း မရှိသေားကြောင်း သိရှိရသည်။
“ကောင်းပါတယ်၊
ဘီလ်စနစ် လွှဲပြောင်းအသုံးပြုနိုင်ခြင်းကြောင့် ကျွန်တော်တို
ကြိုတင်ငွေဖြည့်ကတ် ဝယ်ယူရန် ခက်ခဲတဲ့နေရာတွေမှာ ငွေဖြည့်ဖို့
အဆင်ပြေသွားတာပေါ့၊ သေချာအောင် လုပ်ပေးဖို့ပဲ လိုပါတယ်” ဟု
နှစ်သိန်းတန်ဖုန်းကိုင်ဆောင်ထားသူ ကိုသက်ကိုကိုမြင့်က ပြောသည်။
မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းအနေဖြင့် မိုဘိုင်းဖုန်းများအကြား
ငွေကြေးလွှဲပြောင်းပေးနိုင်သောစနစ် အား စတင်အသုံးပြုနိုင်မည့် အချိန်ကို
ကြော်ငြာသွားမည်ဖြစ်သည်။
ငွေလွှဲပြောင်း
အသုံးပြုနိုင်သော ဘီလ်စနစ်ပြုလုပ်ရခြင်းမှာ ကုဒ်နံပါတ်များ ရိုက်သွင်းရာ၌
ဖြစ်ပေါ် တတ်သည့် အမှားအယွင်းများအား လျော့ကျစေရန်အတွက်ဖြစ်ကြောင်း
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကဆိုသည်။
လက်ရှိငွေဖြည့်ကဒ်ဈေးကွက်တွင် ကျပ်တစ်သောင်းတန်ကဒ်နှင့် သုံးသောင်းတန်ကဒ်ဟူ၍ ရှိသည်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။