Sunday, February 24, 2013

ထိုင်းတွင် လျှပ်စစ်မီးပြတ်တောက်မှု မဖြစ်စေရန် မြန်မာကူညီမည်

မြန်မာနိုင်ငံရှိ ရတနာဓာတ်ငွေ့ ထုတ်ယူရေး လုပ်ကွက် ကို လုပ်ကိုင်နေသော ပြင်သစ်ကုမ္ပဏီ Total က ရတ နာဓာတ်ငွေ့ လုပ်ကွက်တွင် ပြင်ဆင်ထိန်း သိမ်းမှုများ ပြုလုပ်ခြင်း လုပ်ငန်းကို ၃၆ နာရီနောက် ဆုတ်ပေးပြီး မူလစီစဉ် ထားသော ဧပြီ ၄ ရက် နံနက်ပိုင်းမှ ဧပြီ ၅ ရက် နေ့လယ်ပိုင်း အထိရွှေ့ဆိုင်းရန် သဘောတူညီ လိုက်ကြောင်း ထိုင်းအစိုးရက ပြောကြားသည်။

ထိုင်းတွင် လျှပ်စစ်မီးပြတ်တောက်မှု မဖြစ်စေရန် မြန်မာကူညီမည်

ထိုင်းနိုင်ငံ၏ စွမ်းအင်လိုအပ်ချက် ၇၀ ရာခိုင်နှုန်းအ တွက် ဓာတ်ငွေ့ကို အဓိကအသုံးပြုနေပြီး ထိုင်းနိုင်ငံ တွင် သုံးစွဲသော ဓာတ်ငွေ့၏လေးပုံတစ်ပုံကို ရတနာ သဘာဝဓာတ်ငွေ့မြေမှ ပေးပို့နေသည်။ ပြင်ဆင်ထိန်း သိမ်းရေးလုပ်မည့် အချိန်မှာ ထိုင်းနိုင်ငံတွင် ဓာတ်ငွေ့လိုအပ်ချက် မြင့်မားသောအချိန်ဖြစ်ပြီး လျှပ်စစ်မီး ပြတ်တောက်မည့် အခြေ အနေရှိကြောင်း သိရသည်။

ထို့အတွက် ယင်းပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်းများအား လျှပ်စစ်မီး အသုံးပြုမှုနည်းလေ့ရှိသော ဆွန်ခရမ်ရေသဘင် အားလပ်ရက်အတွင်း ကျရောက်စေရန် ထိုင်းအစိုးရက မြန်မာနိုင်ငံအား တောင်းဆိုခဲ့သည်။ ယခု ရွှေ့ဆိုင်း လိုက်မှုကြောင့် ပြင်ဆင်ထိန်းသိမ်းမှုလုပ်ငန်း ကာလမှာ မူလက အဆုံးသတ်ရန် မျှော်လင့်ထားသော ဧပြီ ၁၂ ရက်ထက် နောက် ကျပြီး ဧပြီ ၁၄ ရက်တွင် ပြီးဆုံးမည်ဟု စွမ်းအင်ပေါ်လစီ ရေးဆွဲသူများ၊ အရာရှိများနှင့် အစည်းအဝေးတစ်ရပ် ပြုလုပ်ပြီးချိန်တွင် စွမ်းအင်ဝန်ကြီး ပွန်ဆက်ရက်တာပွန်ပိုင်ဆန်က ပြောကြားသည်။

ရတနာဓာတ်ငွေ့မြေတွင် ပြင်ဆင်ထိန်းသိမ်းမှု လုပ်ငန်းများမှာ ဧပြီ ၁၂ ရက်မှ ၁၆ ရက်အထိ ကြာမြင့်သော ဆွန်ခရမ်ပွဲတော်အတွင်း ကျရောက်သွားသော်လည်း ပြင်ဆင်မှုများ လုပ်ဆောင်ချိန်အတွင်း မြန်မာနိုင်ငံမှ ဓာတ်ငွေ့များကို အသုံးပြုနေသော ဓာတ်အားပေးစက်ရုံကြီးများ ထိခိုက်နိုင်သဖြင့် နိုင်ငံတောင်ပိုင်းဒေသများနှင့် ဘန်ကောက်မြို့ ဆင်ခြေဖုံးဒေသများတွင် လျှပ်စစ်မီး ပြတ်တောက်နိုင်ကြောင်း သိရသည်။ 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။