Sunday, February 24, 2013

ကမ်းနားလမ်းသစ်အား အခမဲ့ သွားလာ ခွင့်ပြုထား

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ ကမ်းနားလမ်း ကွန်ကရစ် လမ်းသစ် လမ်းအသုံးပြုခကို အခမဲ့

သွားလာ ခွင့်ပြု ထားတယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ အဆိုပါ လမ်းအသုံးပြုခကို အခမဲ့ခွင့်ပြု ထားပေမယ့်လည်း လမ်းအသုံးပြုခ ကောက်ခံမှု ကိုတော့ ယခု ဖေဖော်ဝါရီ လကုန်ပိုင်းမှာ စတင် ကောက်ခံ သွားမှာ ဖြစ်ပါတယ်။ အဆိုပါ ကမ်းနားလမ်း ကွန်ကရစ် လမ်းသစ်ဟာ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီရဲ့ ကြီးကြပ်မှုနဲ့ တည်ဆောက် ထားတာ ဖြစ်ပြီး သီရိမင်္ဂလာဈေးဟောင်းမှ ဗိုလ်တစ်ထောင် သံလျက်စွန်းထိ ရှိတာ ဖြစ်ပါတယ်။

 

ဒီလို ကမ်းနားလမ်း ကွန်ကရစ် လမ်းသစ်ကြီး မှာတော့ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁ ရက်နေ့က စတင်ပြီး ကုန်တင် ယာဉ်ကြီးများ၊ သစ်လုံးတင် ယာဉ်များ၊ ကွန်တိန်နာ ယာဉ်များကို စတင် သုံးစွဲခွင့်ပြု ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ကုန်တင် ယာဉ်များကို ကမ်းနားလမ်းသစ် ပေါ်မှာသာ သွားလာ ခွင့်ပြု တော့မှာ ဖြစ်ပြီး ကမ်းနားလမ်းဟောင်း ပေါ်မှာ ကုန်တင်ယာဉ် များကို သွားခွင့်မပြု တော့ဘူးလို့ သိရပါတယ်။ အဆိုပါ ကမ်းနားလမ်းဟောင်း ပေါ်မှာတော့ လူစီးယာဉ်များနဲ့ ခရီးသည်တင် ယာဉ်များ ကိုသာ သွားလာ ခွင့်ပြုတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။