Sunday, February 24, 2013

လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွား

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃

၂၂-၂-၂၀၁၃ ရက်နေ့ ၁၆၄၀ အချိန် ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့၊ အမှတ်(၂)ရပ်ကွက် နေ ရန်မုန်းဖန်(၂၄)နှစ် ပိုင်ဆိုင်သည့် "" ခွားကော်"" တည်းခိုခန်းတွင် လျှပ်စစ်ဝါယာကြိုး ရှော့ဖြစ်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ရာ လောက်ကိုင်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံ တပ်မှ တပ်ဖွဲ့ဝင်များနှင့်ပြည်သူများ ၀ိုင်းဝန်းငြှိမ်းသတ်သဖြင့် ၁၇၄၅ အချိန် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် တည်းခိုခန်း ၂ ထပ်အဆောက်အဦမှ အခန်း ၅ ခန်း၊ အောက်ထပ်ရှိ စိုင်းခမ်းနွဲ့ ရွှေဆိုင်ခန်း ၁ ခန်း၊ သီရိစန်္ဒာ စတိုးဆိုင်ခန်း ၁ ခန်း၊ ရွှေကြယ် ဖုန်းဆိုင်ခန်း ၁ ခန်း၊ ဆောက်လုပ်ရေးပစ်္စည်းအရောင်းဆိုင်ခန်း ၂ ခန်း၊ စုစုပေါင်း ၁၀ ခန်း ၊ တန်ဘိုး ၁၇၅ သိန်းကျပ်ခန့် မီးလောင်ဆုံးရှုံးခဲ့သဖြင့် တည်းခိုခန်းပိုင်ရှင် ရန်မုန်းဖန်အား လောက်ကိုင်ရဲစခန်း(ပ)၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည် (facebook)

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။