Friday, February 22, 2013

မလေးရှားမှ နိုင်ငံတကာကျောင်းသား စစ်စစ်များကိုသာ ဗီဇာထုတ်ပေးမည်


မလေးရှားနိုင်ငံအတွင်း၌ အမှန်တကယ်ပညာသင်ကြားလိုသည့် နိုင်ငံတကာကျောင်းသားစစ်စစ်များကိုသာ ဗီဇာ ထုတ်ပေးတော့ မည်ဖြစ်ကြောင်းမြန်မာ့ပညာရေးဝန်ဆောင်မှုအသိုင်းအ၀ိုင်းက သိရသည်။

ကျောင်းသားဗီဇာကို အသုံးချ၍ တရားမ၀င် အလုပ်လုပ်ကိုင်မည့်သူများလျော့နည်းစေရန် ရည်ရွယ်ပြီး စီစစ်တင်းကြပ်နိုင်ရန် EMGS အေဂျင်စီအားဖွဲ့စည်းခြင်းဖြစ်သည်။

အဆိုပါအစီအစဉ်အရ နိုင်ငံတကာကျောင်းသားများအားအလည်အပတ်ဗီဇာနှင့်ဆိုက်ရောက် ဗီဇာထုတ်ပေးသည့်စနစ်အား ခေတ္တ ရပ်ဆိုင်းမည်ဖြစ်သည်။

အရင် ဗီဇာကြေးဆိုပြီး သီးသန့် မပေးရပါဘူး၊ အခု ဗီဇာလျှောက်ထားခ RM 2000 ကျသင့်ပြီး၊ EMGS ကို ပေးရပါတယ်၊၊ အဲဒီအထဲမှာ ကျန်းမာရေးအတွက်အာမခံပါတယ်လို့ ပြောပေမယ့် အသေးစိတ်တွေ ထွက်မလာသေးပါဘူး၊၊ အခုတစ်ပတ်အတွင်းမှ ပြောင်းလိုက်တဲ့ စနစ်သစ်ပါ၊၊ မလေးရှားကျောင်းသားဗီဇာလျှောက်ထားတဲ့ ကျောင်းသားတွေ သတိပြုဖို့လိုတယ် ဟုCROWN Education မှVisa Compliance Officer က မြန်မာကျောင်းသားများအတွက်အကြံပြုပြောကြားသည်၊၊

နိုင်ငံတကာကျောင်းသားများအနေဖြင့် မိမိတို့ တက်ရောက်လိုသည့်တက္ကသိုလ်မှ ၀င်ခွင့်လက်ခံသည့် စာရရှိသည့် အခါ  ဗီဇာ လျှောက်ထားမှုကိုEMGS   မှတဆင့် ဆောက်ရွက်ရမည်ဖြစ်ပြီး၊ မိမိတို့  လျှောက်ထားသည့်သက်ဆိုင်ရာကျောင်းမှ EMGS တွင် လျှောက်ထားရန်အကူအညီပေးနိင်ကြောင်းကိုလည်း သိရသည်၊၊

မလေးရှားနိုင်ငံသို့ နိုင်ငံတကာ ကျောင်းသားများ ၀င်ရောက်မှုနှင့်အတူကျောင်းသားများ မလေးရှားနိုင်ငံအတွင်း ၊ တရာမ၀င် အလုပ်လုပ်ခြင်း၊ရာဇ၀တ်မှုကျူးလွန်ခြင်းများ မပြုလုပ်စေရန် EMGS အေဂျင်စီမှစောင့်ကြည့်သွားမည်ဖြစ်သည်။

စစ်မှန်သောနိုင်ငံတကာကျောင်းသားများကိုသာ လက်ခံရန်အတွက် အေဂျင်စီ(EMGS) တည်ထောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မလေးရှားအဆင့်မြင့်ပညာရေးဌာနမှပြီးခဲ့သည့် နှစ်ကုန်ပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ အေဂျင်စီအနေဖြင့် မလေးရှားနိုင်ငံ၌ ပညာသင်ကြားရန်အတွက်ဖေဖော်ဝါရီလမှစတင်၍ ဗီဇာလျှောက်ခြင်းကိစ္စများ အား Education MalaysiaGlobal Service (EMGS) ၏ စီစစ်ခွင့်ပြုချက်ဖြင့်သာထုတ်ပေးတော့မည်ဖြစ်ကြောင်း သတင်းထုတ်ပြန် ချက်များအရ သိရသည်။

အေဂျင်စီမှ ကျောင်းသားများနှင့်ပတ်သက်သည့်မူဝါဒများနှင့်ပတ်သက်၍အဆင့်မြင့်ပညာရေးဌာနသို့ အကူအညီပေးခြင်း၊ ပညာရေးနှင့် ပတ်သက်သည့် ဖွံ့ဖြိုးမှုနှင့် သုတေသနလုပ်ငန်းများ ကျောင်းသားဗီဇာများစီစစ်ထုတ်ပေးခြင်းများ လုပ်ဆောင်ပေးမည် ဖြစ်သည်။

စနစ်သစ်အရ ကျောင်းသားကျောင်းသူ၏ ပညာရေးနောက်ခံ၊ ဘဏ္ဍာရေးအထောက်အထားမှန်ကန်မှု ရှိ/မရှိကိုကြည်ရူ့ စစ်ဆေးမှုများ ကိုလည်း အဆိုပါအဖွဲ့ကဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်၊၊

မလေးရှားကျောင်းများသို့ ကျောင်းလျှောက်ထားမှုများနှင့် ပတ်သက်၍အသစ်ပြဋ္ဌာန်းလိုက်သည့် ဗီဇာလျှောက်ထားခြင်းဆိုင်ရာသတင်း အချက်အလက်များအား  သိရှိလိုပါက CROWN Education, ဖုန်း ၀၉  ၇၃၂၇၃၂ ၇၇ နှင့် ၀၉  ၅၀၈၅ ၁၈၅ သို့ ဆက်သွယ်စုံစမ်းနိုင်သည်၊၊

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။