
၂၇.၈.၂ဝ၁၂ ရက်နေ့ နေ့လည်ပိုင်း၌ Tun new technology co.,ltd. (TNT) မှ ရေးဆွဲ လှူဒါန်း ပေးခဲ့သော နာရေး ကူညီမှု အသင်း (ရန်ကုန်)၏ အသင်းပိုင် ဝက်ဘ်ဆိုဒ် www.ffssyangon.org အား စတင် လွှင့်တင်ခြင်းနှင့် စာနယ်ဇင်း မိတ်ဆက်ခြင်း
အခမ်းအနားအား နာရေး ကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
ဆက်လက်၍ TNT ကုမ္ပဏီမှ MD ကိုထွန်းထွန်းမှ အသင်း၏ ဝက်ဘ်ဆိုဒ်အား ရေးဆွဲလှူဒါန်းခြင်းနှင့်ပါတ်သက်၍ မိမိတို့ TNT ကုမ္ပဏီ၏ (၁) နှစ်ပြည့် အထိမ်းအမှတ် အဖြစ် နာရေး ကူညီမှုအသင်း(ရန်ကုန်) တွင်လည်း Website မရှိသေးသည့်အတွက် (၁) နှစ်ပြည့် အခမ်းအနားနှင့် တိုက်ဆိုင် ခြင်းကြောင့် ဝက်ဘ်ဆိုဒ် ပုံစံအကြမ်း ပြသ ပေးခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကိုကျော်ဟိန်း၊ ကိုဖြိုးကိုကို တို့မှလည်း အစစ အရာရာ ကူညီ ပေးသည့်အတွက်ကြောင့် ယခုကဲ့သို့ အထမြောက် သွားကြောင်းနှင့် ၄င်းတို့အားလည်း ကျေးဇူးတင်ပါကြောင်း၊ ဝက်ဘ်ဆိုဒ်စတင်ပြီဆိုပါက အမြဲတမ်း Up to date ဖြစ်ရမည်ဖြစ်ကြောင်း၊ ဝက်ဘ်ဆိုဒ်သို့ ဝင်ရောက်ကြည့်ရှုကြပြီး နောက်ဆုံးဖြစ်ပျက်နေသည့် သတင်းများ ဖတ်ရှုလိုချင်ကြပြီး အလှူရှင်များသည် လည်း မိမိတို့လှူဒါန်းလိုက်သည့် အလှူငွေများအား နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး (ရေဘေး၊ မီးဘေး . . . )၊ အရေးပေါ် ကယ်ဆယ်ရေး အစရှိသည့် ကိစ္စရပ်များအား အသုံးပြု၍ လှူဒါန်းမှု များအား သိရှိနိုင်စေရန်အတွက် ဝက်ဘ်ဆိုဒ်တွင် လိုအပ်သည့် အချက်အလက်များအား ကဏ္ဍအသီးသီး ဖြင့် အသေး စိတ်ဖော်ပြပေးထား ကြောင်း၊ မကြာမီကာလအတွင်း အင်္ဂလိပ် ဘာသာဖြင့် နာရေးကူညီမှု အသင်း(ရန်ကုန်) ဝက်ဘ်ဆိုဒ်အား တင်ပြတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့ကာ အသင်း ဝက်ဘ်ဆိုဒ် လိပ်စာနှင့် အသုံးပြုပုံ အဆင့်ဆင့်ကို ပရိုဂျက်တာဖြင့် ကြွရောက်လာကြသော စာနယ်ဇင်း သမားများ၊ နာရေးကူညီမှု အသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်၊ အုပ်ချုပ်ရေး မှူး ဒေါ် ဧရာမောင် မောင်နှင့် အသင်း သား/ သူများတို့အား မိတ်ဆက်ပြသပေး ခဲ့ပြီး မီဒီယာ များ၏ မေးမြန်းချက် များအား ပြန်လည်ဖြေကြားခဲ့ပြီး အောင်မြင်စွာရုပ်သိမ်းခဲ့သည်။
ထို့ကြောင့် နာရေး ကူညီမှုအသင်း (ရန်ကုန်)၏ အများပြည်သူ တို့အပေါ် ပေးဆပ်ကူညီဖေးမမှု ကုသိုလ်ရေးလုပ်ငန်းများသည် မြန်မာနိုင်ငံ တစ်ခု တည်းတွင် သာမက ကမ္ဘာ့နိုင်ငံအသီးသီး တို့မှ ဝက်ဘ်ဆိုဒ်ပေါ်၌ Up to date ပေးဆပ်မှု များအား ကြည့်ရှု့နိုင်တော့ မည်ဖြစ်ပါသည်။ ကြည့်ရှု့လိုသူများအနေဖြင့် မိမိတို့၏ ကွန်ပြူတာပေါ်တွင်www.ffssyangon.org ဟူ၍ ရိုက်လိုက်ရုံဖြင့် ကျွန်တော်တို့ F.F.S.S(Ygn) နာရေး ကူညီမှု အသင်း (ရန်ကုန်) သို့ အချိန် မရွေးရောက်ရှိ နိုင်တော့ မည်ဖြစ်သည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။