Showing posts with label yoyarlay. Show all posts
Showing posts with label yoyarlay. Show all posts

Saturday, October 20, 2012

Cobra Gold 2013 ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် မြန်မာ့တပ်မတော်အား ဖိတ်ခေါ်ရန် အမေရိကန် စီစဉ်


အမေရိကန် ပြည်ထောင်စုက မြန်မာ့တပ်မတော်အား လာမည့်နှစ် Cobra Gold 2013 ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ပူးပေါင်းပါဝင်ရေးအတွက် ဖိတ်ခေါ်ရန် စီစဉ်ထားသည်ဟု ဘန်ကောက်ပို့စ် သတင်းစာအရ သိရသည်။ Cobra Gold သည်အမေရိကန်စစ်တပ်၏ အရှေ့ပစိဖိတ် ဒေသအတွင်း အာရှနိုင်ငံ အများအပြားမှ စစ်တပ်များနှင့် ပူးတွဲလုပ်ဆောင်သည့် အကြီးဆုံး ပူးတွဲစစ်ဆင်ရေး လေ့ကျင်မှုဖြစ်သည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုသို့ မြန်မာနိုင်ငံအား လေ့လာသူအဖြစ်သာ ဖိတ်ခေါ်ထားသော်လည်း ၄င်းသည်နောက်ဆုံး ဆုံးဖြတ်ချက် မဟုတ်ဟု သိရ သည်။ “မြန်မာက လေ့လာသူစာရင်းထဲမှာပါ ။ဒါပေမယ့် ဒါဟာအပြီးသတ်ဆုံးဖြတ်ချက်မဟုတ်ပါဘူး”ဟု ထိုင်းကာကွယ်ရေး ၀န်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Thanathip Sawangsang ကယနေ့တွင် ထုတ်ဖော်ပြောခဲ့သည်။စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည့် နိုင်ငံများက မြန်မာအား ဖိတ်ခေါ်ခြင်းပြုရေး၊ မပြုရေး နှင့်ပါတ်သတ်၍ ယခုလနှောင်းပိုင်းတွေ့ဆုံဆွေးနွေး ပွဲတွင် ဆွေးနွေးကြမည်ဟု သိရသည်။

Wednesday, August 29, 2012

နာရေး ကူညီမှု အသင်း(ရန်ကုန်) Website အား Tun new technology မှ ရေးဆွဲ လှူဒါန်း

နာရေး ကူညီမှု အသင်း(ရန်ကုန်) Website အား Tun new technology မှ ရေးဆွဲ လှူဒါန်း
၂၇.၈.၂ဝ၁၂ ရက်နေ့ နေ့လည်ပိုင်း၌ Tun new technology co.,ltd. (TNT) မှ ရေးဆွဲ လှူဒါန်း ပေးခဲ့သော နာရေး ကူညီမှု အသင်း (ရန်ကုန်)၏ အသင်းပိုင် ဝက်ဘ်ဆိုဒ် www.ffssyangon.org  အား စတင် လွှင့်တင်ခြင်းနှင့် စာနယ်ဇင်း မိတ်ဆက်ခြင်း 
အခမ်းအနားအား နာရေး ကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

Tuesday, August 21, 2012

ပုသိမ်မြို့ ရေဘေး ဒုက္ခသည်များကို OVDR4MM မိသားစုမှ ကူညီလှူဒါန်းမည်


ရာသီဥတု ဆိုးရွားမှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး မြန်မာပြည် အနယ်နယ်
အရပ်ရပ်တွင် ရေကြီး ရေလျှံမှုများ နေရာအနှံတွင် ဖြစ်ပွားနေပါသည်။