Tuesday, August 21, 2012

ပုသိမ်မြို့ ရေဘေး ဒုက္ခသည်များကို OVDR4MM မိသားစုမှ ကူညီလှူဒါန်းမည်


ရာသီဥတု ဆိုးရွားမှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး မြန်မာပြည် အနယ်နယ်
အရပ်ရပ်တွင် ရေကြီး ရေလျှံမှုများ နေရာအနှံတွင် ဖြစ်ပွားနေပါသည်။
 ပုသိမ်မြို့ပေါ်ရှိ ရပ်ကွက် အတော်များများ ရေနစ်မြုပ်နေကြောင်း သိရှိရပြီး ကယ်ဆယ်ရေး စခန်းများတွင် လူနှစ်ထောင်ခန့် နေထိုင်နေရကြောင်း၊ စာသင်ကျောင်းများကို ရက်အကန့်အသတ်မရှိ ပိတ်ထားရကြောင်း ဝမ်းနည်းဖွယ် ကြားသိရပါသည်။ သာပေါင်းမြို့နယ်တွင် မြို့၏ ၉၀ ရာခိုင်နှုန်းကျော်ကျော်မှာ ရေနစ်မြုပ်မှု ဒဏ်ကို ပြင်းထန်စွာ ခံစားနေရပြီး ဘုန်းကြီးကျောင်းများ အားကစားရုံများတွင် ဒုက္ခသည်ပေါင်းများစွာ ကျပ်တည်းစွာ နေထိုင်နေရကြောင်း ကြားသိရပါသည်။ နေရာဒေသ တဝိုက်တွင် ရေဘေးဒဏ်ကို အဆိုးရွားဆုံး ခံစားနေရသောကြောင့် ထမင်းနပ်မှန်ဖို့ပင် ခက်ခဲနေကြောင်း၊ စနစ်တကျ စီစဉ်ထားရှိခြင်း မပြုနိုင်သောကြောင့် သန့်ရှင်းရေးနှင့် ကျန်းမာရေ အခြေအနေများအတွက် စိုးရိမ်နေရပါကြောင်း သိရှိရပါသည်။ မိုးများ ဆက်လက်ရွာသွန်းနေပြီး ဆက်လက်၍ ရေတက်နိုင်ခြေ ရှိနေပါသေးသည်။
သို့ဖြစ်ပါ၍ OVDR4MM အနေဖြင့် Facebook ပေါ်တွင် တွေ့ဆုံခင်မင်ကြသော အပေါင်းအသင်းများ စုပေါင်း၍ ဝိုင်းဝန်းကူညီ  လှုဒါန်းနိုင်ရေးအတွက် တတပ်တအား စုစည်းတိုင်ပင် ဆောင်ရွက်နေကြပါသည်။ မိမိတို့ တတ်အားသမျှ ပါဝင်ကူညီ ထည့်ဝင် လှုဒါန်း၍ သော်လည်းကောင်း မိမိတို့၏ မိတ်ဆွေ သူငယ်ချင်းများကို သတင်းပေး၍ သော်လည်းကောင်း ကောင်းမှုဒါန ပြုကြစေရန် အတွက်နှိုးဆော် တိုက်တွန်းအပ်ပါသည်။
ကောက်ခံရရှိသော အလှုငွေများကို ရေဘေးသင့်ဒေသရှိ အမှန်တကယ် လိုအပ်ချက်များနှင့် ကိုက်ညီအောင် လှုဒါန်းနိုင်ရေးအတွက် ရေဘေးကယ်ဆယ်ရေး ပြန်လည် ထူထောင်ရေးများကို အဓိကထား ဆောင်ရွက်ပေးနေသော အဖွဲ့များ၊ ကယ်ဆယ်ရေးစခန်းများမှ တာဝန်ရှိသူများနှင့် ဆက်သွယ်၍ လှုဒါန်းရန်အစီအစဉ်ကို အသေးစိတ်အတွက် ကြိုးစားဆောင်ရွက်နေပါသည်။ လှုဒါန်းရာတွင် ထိထိရောက်ရောက် အကျိုးရှိရှိ လှုဒါန်းနိုင်ရန်အတွက် ကောက်ခံရရှိလာသော လှုဒါန်းငွေများကို ရေဘေးသင့် ဒေသများမှ အမှန်တကယ် လိုအပ်ချက်များနှင့် ကိုက်ညီအောင် အတတ်နိုင်ဆုံး ပြင်ဆင်လှူဒါန်း သွားမည် ဖြစ်ပါသည်။
အနယ်နယ် အရပ်ရပ်မှ ကူညီလှူဒါန်းလိုသူ စေတနာရှင်များအနေနှင့် အလှူငွေများကို သြဂုတ်လ ၁၉ရက်နေ့မှ စတင်ကာ ကောက်ခံပေး သွားမည် ဖြစ်ပါသည်။
အလှူရှင် စာရင်းများ
  1. ရန်ကုန် အလှူရှင် စာရင်း
  2. ဂျပန် အလှူရှင် စာရင်း
  3. ကိုရီးယား အလှူရှင် စာရင်း
  4. စင်္ကာပူ အလှူရှင် စာရင်း
  5. ဒူဘိုင်း အလှူရှင် စာရင်း
  6. အမေရိကန် အလှူရှင် စာရင်း
ဆက်သွယ် လှူဒါန်းရန်

ပြည်တွင်း
ရန်ကုန်
ကိုဇေယျာကျော်        >> 09 541 5500
ကိုသံလွင်                 >> 09 4317 4623 
                                >> office 01 512 749
ပခုက္ကူ
ဦးမင်းဟန်            >> 09 230 0854

မန္တလေး
ကိုစိုင်းမျိုး             >> 09 9102 0020

ပြည်ပ
စင်္ကာပူ
ကိုကျော်လင်း       >> +65 9424 6024
ကိုဝနဆွေ             >> +65 8101 4613
Bank Info           >> POSB SAVING 133-21885-8

ဒူဘိုင်း
ကိုသက်နိုင်တင့်   >> +971 50 177 5318,                         
                           >> +971 55 745 0473
မရွှေရည်ဦး          >> +971 55 286 8191
Bank Info           >> NBD Bank Account No - 0214002201701

ကိုရီးယား
ကိုမင်းအောင်နိုင်   >> 082 010 2614 3050
Bank Info           >> NH-356-0252-6831-63

မလေးရှား
ကိုအောင်စိုး         >> +601 6385 3222
Bank Info      >> May Bank, 1590 2104 7456

အမေရိကန်
မခိုင်သန္တာထွန်း        >> +1 714 399 8902

ဂျပန်
ကိုရန်နိုင်     >> 080 3852 5214
Bank Info    >> (softbank) (JP-bank: 4930 6371 ヤン ナイン ウイン)
မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေ မြင့်တက်လာသည့်အတွက် ဧရာဝတီတိုင်း ပုသိမ်ခရိုင်ရှိ ဒေသ အတော်များများတွင် ရေဘေးဒုက္ခကို ပြင်းထန်စွာ ခံစားနေရကြောင်း OVDR4MM မှ ဝမ်းနည်းဖွယ် ကြားသိရပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။