Tuesday, August 21, 2012

သမိုင်းလမ်းဆုံ အနီး ရေကြီးမှုမြင်ကွင်း

သမိုင်းလမ်းဆုံ အနီး ရေကြီးမှုမြင်ကွင်း







သြဂုတ်လ ၁၈ ရက်နေ့ ညမှ ၁၉ ရက်နေ့ နံနက် အထိ မိုး အဆက်မပြတ် ရွာသွန်း မှုကြောင့် သမိုင်း လမ်းစုံအနီး ရေကြီးခဲ့ကြောင်း The Voice Weekly သတင်း ရင်းမြစ် များက ပြောကြားသည်။
"မိုးရွာတိုင်းရေကြီးပါတယ်။ အဓိက က တော့ မြောင်းတွေပိတ်နေတယ်လို့ ထင်ပါတယ်" ဟု ၎င်း သမိုင်းအနီးတွင် နေထိုင်သူများက ပြောကြားသည်။ မိုးများ ရွာသွန်း မှုကြောင့် ယနေ့နံနက် အထိ ဘုရင့်နောင်လမ်းစုံနှင့် ဘုရင့်နောင် ကုန်းကျော်တံတားအကြား ရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်းနှင့် မိုးများ အဆက်မပျက် ရွာသွန်း မှုကြောင့် ဘုရင့်နောင် ပွဲရုံများထဲသို့ ရေများ ဝင်ရောက်ခဲ့ကြောင်း၊ ယင်းအတွက် ကြက်သွန်အိတ်များ၊ မြေသြဇာအိတ်များ နှင့် အခြားသော ကုန်ပစ္စည်း များ ရေထိ၍ ဆုံးရှုံးပျက်စီးမှုများ ရှိကြောင်း ဘုရင့်နောင် ရေတမာလမ်းနေ ပွဲရုံပိုင်ရှင်များထံက စုံစမ်းသိရှိရသည်။
"ခုံကို နှစ်ဆင့်ခံထားရင်ဘာမှမဖြစ်ဘူး။ အခုက တစ်ဆင့်ပဲခံထားတော့ ရေက အဲ့နေရာအထိ တက်လို့ ရေထိ ဆုံးရှုံးမှုတွေ ဖြစ်တယ်" ဟုဘုရင့်နောင်ပွဲရုံ ရေတမာလမ်း အတွင်း နေထိုင်သူ အသက် ၄၂ နှစ်အရွယ် ပွဲရုံ ပိုင်ရှင်တစ်ဦးက ဆိုသည်။ ယင်းအတူ ယခု မိုးရာသီမှာ ယခင် မိုးရာသီများနှင့် မတူပဲ မိုးပို၍ ရွာသွန်းကြောင်းနှင့် ကားလမ်းမများမှာလည်း ယခင်နှစ်ထက် ပျက်စီးကြောင်း ၎င်းပွဲရုံဝင်းအတွင်း နေထိုင်သူများထံမှ သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။