Tuesday, August 21, 2012

အုန်းနှဲကျေးရွာ နေအိမ်များ ရေမြုပ်



ပဲခူးတိုင်းမှာ ဇူလိုင်လ နောက်ဆုံး အပတ်ကစလို့ မိုးသည်းထန်စွာ ရွာသွန်းတဲ့အပြင် ကဝမြို့နယ်မှာရှိတဲ့ ပိုင်ကျုံ ရေထိန်းတံခါးကို တာဝန်ရှိသူတွေခအနေနဲ့
အချိန်မှီ ဖွှင့်မပေးခဲ့တာကြောင့် အနိမ့်ပိုင်းကျေးရွာက အိမ်တွေ၊ လယ်ယာတွေ ရေနစ်မြုပ်ခဲ့ရပြီး ဒေသခံ ကျေးရွာသားတွေမှာ ရေဘေး ဒုက္ခကြုံနေရတယ်လို့
သိရပါတယ်။ အုန်းနှဲ၊  ပိုင်ကျုံ၊ ကဝ၊ ခမဲပင်၊ ကျားတက် အပါအဝင် ရွာပေါင်း ၄၁ရွာ ကျော်မှ အိမ်တွေနဲ့ ထောင်နဲ့ချီတဲ့ လယ်ဧကတွေ ရေနစ်မြုပ်ခဲ့တာဖြစ်ပြီး
အဓိကအားဖြင့် အုံးနှဲကျေးရွာမှာ အိမ်ခြေ ၇၀၀ လောက် ရေနစ်မြုပ်ခဲ့ရသလို လူဦးရေ ၂၀၀၀ ကျော်ဟာ ရေဘေးဒုက္ခတွေ ကြုံတွေ့နေရတာပါ။ အခု ရေဘေး
ဒုက္ခသည်တွေဟာ အုန်းနှဲကျေးရွာက ဘုန်းတော်ကြီးကျောင်းနဲ့ ရေဘေးကယ်ဆယ်ရေး စခန်းမှာပဲ ခိုလုံနေကြရပြီး အလှူရှင်တွေ လာရောက် လှူဒါန်းတဲ့
အစားအသောက်တွေကိုသာ စားသောက် နေရတယ်လို့လည်း သိရပါတယ်။  အဲဒီ ရေဘေးဒုက္ခသည်တွေ အတွက် ကိုညီညီဦးဆောင်တဲ့ တောင်ဒဂုံမြို့နယ်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေစုပေါင်းပြီး ဆန်အိပ် ၁၅ အိပ်၊ ဆား ၂ အိပ်နဲ့ ငွေကျပ် ၄ သိန်းကို သြဂုတ်လ ၁၇ ရက်နေ့က သွားရောက် လှူဒါန်း
ခဲ့ကြပေမယ့်လည်း အကူအညီတွေကတော့ ဆက်လက် လိုအပ်နေဆဲလို့ သိရပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။