Tuesday, August 21, 2012

မိုဘိုင်းပြပွဲကြီးနှင့် ကားပြပွဲ ကျင်းပပြုလုပ်မည်


Paing Aung Business Group မှ ကြီးမှူး ကျင်းပသည့် Mobile Living Style & Car Expo 2012 ပြပွဲကြီးကို ယခုလ ၃၀ ရက်နေ့မှ လာမည့် စက်တင် ဘာလ ၂ ရက်နေ့အထိ ရန်ကုန် မြို့ ဦးဝိစာရလမ်းရှိ တပ်မတော် ခန်းမတွင် မနက် ၉ နာရီမှ ညနေ ၆ နာရီထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြပွဲကြီးတွင်E.Lite မှ မိုဘိုင်းဆင်းမ်ကဒ်များကို ရောင်း ချပေးသွားပြီး ဟန်းဆက်များကို လည်း ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင် နှုန်းထိလျော့ချပေးမည်ဖြစ်သည်။

ထို့ပြင် မိုဘိုင်းအရောင်းဆိုင်များ ဖြစ်သည့် Ovisu, O2 Mobile, SYH Mobile Hello by MK Mobile, ALCATEL Mobile, Materix, T-Land Circle Tech, Mobile တို့မှ ဟန်းဆက်များနှင့် အဖိုးတန်ပစ္စည်းများကို စုံလင်စွာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဆောက်လုပ်ရေး ကုမ္ပဏီများမှ အိမ်ရာများအားအထူး ဈေးနှုန်းများဖြင့် ရောင်းချခြင်း၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ အိမ်တွင်းအလှဆင်ပစ္စည်းများ၊ ဆက်သွယ်ရေးနှင့် နည်းပညာ ဆိုင် ရာပြခန်းများ၊ ပြည်တွင်းပြည်ပ ဆေးဝါးများအပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေးသုံးပစ္စည်းများ၊ အလှ ကုန်ပစ္စည်းများ၊ အဝတ်အထည် များ၊ မီးဖိုချောင်သုံးပစ္စည်း များနှင့်အခြား လူသုံးကုန်ပစ္စည်း များအား စုံလင်စွာဖြင့် ရောင်းချ ပေးသွားမည်ဖြစ်သည်။
Mobile Living Style & Car Expo 2012 ပွဲကြီးတွင် မိုဘိုင်းအရောင်းဆိုင် ပေါင်း ၄၀ နှင့် ကားကုမ္ပဏီပေါင်း ၃၀ ကျော် ပါဝင်ပြသ ရောင်းချမည် ဖြစ် ကြောင်း သိရသည်။ ၄င်းပွဲတွင် Sponsor အဖြစ် Singtech နှင့် ALCATEL Mobile တို့မှ ပါဝင်ကူညီထားပြီး Media Partnerအဖြစ် နည်းပညာ ဂျာနယ်ဖြစ်သည့် Mobile Guide ဂျာနယ်မှ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။