Tuesday, August 21, 2012

ဆီးဂိမ်းအမှီ မိုဘိုင်း ဆင်းမ်ကဒ် များကို အင်တာနေရှင်နယ်နှုန်းဖြင့် သုံးနိုင်အောင် ပြုလုပ်မည် ဟုဆို


မြန်မာနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် ၂၀၁၃ ဒီဇင်ဘာလ တွင် ပြုလုပ်မည့် ဆီးဂိမ်း အမှီ မိုဘိုင်းဆင်းမ်ကဒ် များကို အင်တာနေရှင် နယ်နှုန်း (သို့) လူ တိုင်း ကိုင်ဆောင် အသုံးပြုနိုင်သည့် နှုန်းထား တစ်ခုသို့ ရောက်အောင် ဆက်လက် လုပ်ဆောင် သွားမည်ဟု ရွှေပြည်တံခွန် ကုမ္ပဏီမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ထိုသို့ အင်တာနေရှင်နယ်နှုန်း ထားဖြင့် အများပြည်သူကိုင်ဆောင် အသုံးပြုရန်အတွက် ဆောင်ရွက် ရာတွင် ယခုလက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဆင်းမ် ကဒ်များနှင့်ပတ်သက်၍ တင်ဒါခေါ် ယူခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ တင်ဒါခေါ်ယူရာတွင် ဝင် ရောက်ယှဉ်ပြိုင်သည့် ကုမ္ပဏီ ပေါင်း ၆၄ ခုရှိပြီး ၄င်းတင်ဒါ ဝင်ရောက်ယှဉ်ပြိုင်သည့် ကုမ္ပဏီ များထဲတွင် ရွှေပြည် တံခွန်ကုမ္ပဏီ လည်း ပါဝင်သည်ဟုဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရွှေပြည်တံခွန်မှ တာဝန်ရှိသူ တစ်ဦး က “အခုမြန်မာ့ဆက်သွယ်ရေး က တင်ဒါခေါ်နေတယ်။ အဲဒီထဲမှာ အစ်ကိုတို့ ရွှေပြည်တံခွန်လည်းပါမယ်။ ပြီးတော့နိုင်ငံတကာ အတိုင် ပင်ခံကုမ္ပဏီတွေလည်းပါတယ်။ ကုမ္ပဏီတွေထဲမှာ ဘယ်ကုမ္ပဏီရ မယ်ဆိုတာတော့ မပြောတတ်ဘူး။ အစ်ကိုတို့ ရွှေပြည်တံခွန် ကုမ္ပဏီ လည်းနိုင်ချင်နိုင်မယ်။ ရှုံးချင် ရှုံးမယ်။ တစ်ကယ်လို့ အစ်ကိုတို့နိုင် ရင်တော့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနဲ့ ပူးပေါင်းပြီး ဆီးဂိမ်းအမှီ မိုဘိုင်းဆင်းမ်ကဒ်တွေကို နိုင်ငံတ ကာနှုန်းအတိုင်းကိုင်ဆောင်နိုင် အောင်ပြုလုပ်ပေးသွားမယ်”ဟု ပြောသည်။
ဆက်လက်၍ ရွှေပြည်တံခွန်ကုမ္ပဏီမှ ဦးလွင်နိုင်ဦးက “အခု အစ်ကိုတို့လုပ်နေတဲ့ ပရောဂျက်တွေ က မြန်မာ့ဆက်သွယ်ရေးနဲ့ ပူး ပေါင်းပြီး လုပ်မယ်ဆိုရင်တော့ အဆင်သင့်ဖြစ်နေပါပြီ။ စလုပ်ခွင့် ရတာနဲ့လုပ်လို့ရပါပြီဟုပြောသည်။
မိုဘိုင်း ဆင်းမ်ကဒ် များနှင့် ပတ်သက်၍ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တင်ဒါခေါ်ရာတွင် တင် ဒါဝင်ရောက် ယှဉ်ပြိုင်သည့် ကုမ္ပဏီ စုစုပေါင်း ၆၄ ခုမှ အနိုင်ရရှိသည့် ကုမ္ပဏီသည် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းနှင့် ပူးပေါင်း၍ လုပ် ဆောင်ရမည်ဖြစ်ကြောင်သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။