Tuesday, August 21, 2012

အင်းစိန် ရေလျှံခြင်းမှာ ရွာမသံမဏိစက်ရုံ ရေဆင်းပေါက်များ ပိတ်ထားခြင်းကြောင်း ဟုဆို


အင်းစိန် ရေလျှံခြင်းမှာ ရွာမ သံမဏိ စက်ရုံ ရေဆင်းပေါက်များ ပိတ်ထားခြင်းကြောင်း ဟုဆို
ရွာမ သံမဏိ စက်ရုံမှ ရေဆင်း ပေါက်များ ဖွင့်မပေး သောကြောင့် ၄င်းတို့ ရပ်ကွက်များ အတွင်းရေကြီးရေလျှံမှု များဖြစ်ပွားေ နကြောင်းအင်း စိန်မြို့ နယ် အတွင်းရှိ ရပ်ကွက် အချို့ မှဒေသခံများက စွပ်စွဲလိုက်သည်။
စက်ရုံ ဘက်မှ ရပ်ကွက်များရေမြုပ်မှု ကိုလျှစ်လျှုရှု ထားပါက ဆန္ဒ ပြတောင်းဆို သွားမည်ဟု အင်းစိန်မြို့ နယ်ဖော့ ကန်၊အောင် ဆန်း၊စဥ့်ကူနှင့်ရွှာမ အရှေ့ ရပ်ကွက်များနေ ပြည်သူများကပြောသည်။ အဆိုပါ ကိစ္စအတွက် စက်ရုံမှ တာဝန်ရှိ သူများနှင့်တွေ့ဆုံခဲ့ပြီး စက်ရုံဖက် မှရေဆင်းပေါက်များ အတွင်းကာရံ ထားသောသံတိုင်များ ဖြုတ်ပေးမည်ဟု ကတိပေးခဲ့ကြောင်း ဖော့ကန်ရပ်ကွက် အုပ်ချုပ်ရေးမှုးကပြောသည်။
စက်ရုံဘက် မှရေမစီးအောင် ပိတ်ဆို့တားခြင်း မရှိကြောင်း၊ ယမန်နေ့က ရွှာသွန်းသောမိုးမှာ များလွန်းသည့် အတွက်ကြောင့် သာရေလျှံ ခဲ့ခြင်းဖြစ်ပြီး ၊ ရေဆင်းမြောင်း များအတွင်း သံတိုင်များကာရံထားခြင်းမှာ လုံခြုံေ ရး အရဖြစ်ကာ ၊ ရေကျချိန်တွင် ထိုသံတိုင်များကို ဖြုတ်ပေး ရန်စီစဉ်ထား ပြီးရေစီးရေလာကောင်းမွန်ရန်လည်း ကူညီပေးနေကြောင်း စက်ရုံမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။