Wednesday, August 29, 2012

ဒေါ်အောင်ဆန်းစုကြည်နဲ့ UNFPA ဒါရိုက်တာ Dr.Babatunde Osotimehin တို့ တွေ့ဆုံ



လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သြဂုတ်လ ၂၇ ရက်နေ့က နေပြည်တော် သင်္ဂဟ ဟိုတယ်မှာ UNFPA ဒါရိုက်တာ Dr.Babatunde Osotimehin နဲ့

အဖွဲ့ဝင်တွေကို သွားရောက် တွေ့ဆုံ ခဲ့ပါတယ်။ ညနေ ၆ နာရီကနေ ၇ နာရီထိ တွေ့ဆုံတဲ့ ဒီတွေ့ဆုံမှုမှာ UNFPA ရဲ့ပူးပေါင်း ဆောင်ရွက်မှုတွေ၊ လုပ်ဆောင်မှုတွေ၊
လုပ်မယ့် လုပ်ငန်းစဉ်တွေ အကြောင်းနဲ့ လူငယ်မြင့်တင်ရေး၊ အသက်ကြီးသူတွေကို စောင့်ရှောက့်ရေး၊ အမျိုးသမီးတွေကို ကာကွယ်စောင့်ရှောက်ရေး အထူးသဖြင့်
စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ခံခဲ့ရသော အမျိုးသမီးတွေအတွက် ကာကွယ် စောင့်ရှောက်ရေးဟာ UNFPA နဲ့ တစ်သားတည်း ဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့ ပြည်သူလူထု
ကြားမှာ ICPD အတွက် လူတွေ သိစေရန် အလို့ငှာ UNFPA အား ထောက်ခံ အားပေးရန် ပြောဆို ခဲ့ကြတယ်လို့ သိရပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။