ပို့ဆောင်ရေး ၀န်ကြီးဌာန ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနဲ့ ဒိန်းမတ် နိုင်ငံ Grontmij ကုမ္ပဏီတို့နဲ့ ပူးပေါင်းပြီး ပဲခူးမြစ်မှ
ရေချိုရရှိရေး အတွက် ရေကြောင်း တိုင်းတာမှုများ ပြုလုပ်လျက်ရှိပြီး ဒီလိုပြုလုပ်ရာ မှာလည်း ရန်ကုန်နဲ့ ပဲခူးကြားရှိ ဒါးပိန်အထိ တိုင်းတာမှု ပြုလုပ်နေရာ ယခု စက်တင်ဘာ လထဲမှာ ပြီးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ရေချိုရရှိရေးကို ရှေးဦးစွာ ဆာဗေး လေ့လာမှုတွေ ပြုလုပ်ပြီးပါက နောက်ပိုင်းမှာ ဒီဇိုင်းဆွဲ ကုန်ကျစရိတ် တွက်ချက်ပြီး EIA/ SIA သို့ တင်ပြရမှာ ဖြစ်ပါတယ်။
အခုလို အဆင့်ဆင့် တွက်ချက်ပြီး ပါကလည်း အဆိုပါ စီမံကိန်းကို အကောင်အထည် ဖော်ဖို့ အတွက် လုပ်ဆောင်မယ့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီတွေကို တင်ဒါခေါ်ယူ သွားမှာဖြစ်ပြီး ဒိန်းမတ်နိုင်ငံ Grontmij ကုမ္ပဏီနဲ့ နည်းပညာပိုင်းများ ကူညီပံ့ပိုးပေး သွားမှာ ဖြစ်တယ်လို့ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့ပါတယ်။ ဒါ့အပြင် ပဲခူးမြစ်မှ ရေချိုရေသန့် ရရှိပါက သီလ၀ါ အထူးစီးပွားရေး ဇုန်ကို အဓိက ပေးဝေ သွားဖို့နဲ့ သီလ၀ါ ဒေသအနီးရှိ ကျေးရွာများမှာပါ ရေချိုရရှိရေး ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။