Wednesday, November 20, 2013

ဧရာဝတီဘဏ်တွင် မာစတာကတ် နှင့် China Union Pay Card များဖြင့် ငွေထုတ်နိုင်

ဧရာဝတီဘဏ်တွင် Master Card နှင့် China Union Pay Card များဖြင့် ငွေထုတ်ယူခြင်းများ နိုဝင် ဘာလ ၁၉ ရက်မှ စတင်ကာ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ဧရာဝတီဘဏ်မှ ထုတ်ပြန်သည်။
နိုင်ငံတစ်ဝန်းမှ ဧရာဝတီဘဏ်များရှိ ATM စက်များတွင် အဆိုပါကတ်များဖြင့် ငွေထုတ်ယူနိုင်ပြီဖြစ် သည်။
ဧရာဝတီဘဏ်၏ မန်နေဂျင်းဒါရိုက်တာ ဦးဖြိုးအောင်က “ဧရာဝတီဘဏ်အနေနဲ့ ငွေထုတ်ယူခြင်း ၀န် ဆောင်မှုတွေကို ဆီးဂိမ်းကိုလာမယ့် ခရီးသွားဧည့်သည်တွေ အဆင်ပြေပြေနဲ့ အသုံးပြုနိုင်ဖို့ အချိန်မီ ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်” ဟု ပြောသည်။

ဦးဖြိုးအောင်က ယခုလုပ်ဆောင်ချက်သည် ဘဏ်၏ သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပြီး ဧရာဝတီဘဏ်အား နိုင်ငံတကာအသိအမှတ်ပြုငွေပေးချေမှု အုပ်စုဝင်ဖြစ်လာစေခဲ့ကြောင်း ပြောသည်။
ငွေသားသုံးစွဲခြင်းကို လျှော့ချနိုင်ပြီး လုံခြုံစိတ်ချစွာ ထုတ်ယူနိုင်သည့် ATM Network  များ ချဲ့ထွင်ခြင်း ကို ကြိုးစားဆောင်ရွက်သွားမည်ဟု ဧရာဝတီဘဏ်မှ ထုတ်ပြန်သည်။
မာစတာကတ် ကိုင်ဆောင်ထားသူများသည် တစ်ဖက်ဘဏ်က သတ်မှတ်ချက်အတိုင်း ငွေထုတ်ယူနိုင် သည်။ ကတ်ကိုင်ဆောင်သူ နိုင်ငံခြားသားများအနေဖြင့် မြန်မာနိုင်ငံသို့လာချိန်တွင် ငွေသယ်ယူရန်မလို အပ်ဘဲ မာစတာကတ်အသုံးပြု၍ရသည့်စက်များတွင် ငွေထုတ်ယူနိုင်မည်ဖြစ်သည်။ အခြားနိုင်ငံများသို့ သွားရောက်လည်ပတ်ပါကလည်း ၎င်းကတ်လက်ခံသော နေရာတိုင်းတွင် သုံးစွဲနိုင်မည်ဖြစ်သည်။
လက်ရှိအချိန်တွင်မာစကတ်နှင့် ပူးပေါင်းဆောင်ရွက်သည့်လုပ်ငန်းများမှာ CB ဘဏ်၊ ကမ္ဘောဇဘဏ်၊ ယူနိုက်တက်အမရာဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ မြန်မာအရှေ့ တိုင်း ဘဏ်၊ ဧရာဝတီဘဏ်၊  AGD ဘဏ် နှင့် UG Finance ကုမ္ပဏီလီမိတက် တို့ဖြစ်သည်။
ဧရာဝတီဘဏ်အား ၂၀၁၀ ခုနှစ် တွင် စတင်တည်ထောင်ခဲ့ပြီး ဘဏ်ခွဲပေါင်း ၅၂ ခု ဖွင့်လှစ်ဆောင်ရွက် ထားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။