Thursday, May 17, 2012

ဈေးခွန် ပိုမိုကောက်ခံသောအဖွဲ့များအား လိုင်စင်သိမ်းရန်ရှိ

ဈေးရောင်းချသူများထံမှ သတ်မှတ်နှုန်းထားအတိုင်းကောက်ခံခြင်းမဟုတ်ဘဲ အပိုကောက်ခံသော ဈေးအခွန် လိုင်စင်ရအဖွဲများအား လိုင်စင်ရုတ်သိမ်းရန်ရှိကြောင်း သိရှိရသည်။
 
စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံတင်ရောင်းချရာတွင် ပါဝင် သည့် နာဇီဈေးသည် လည်း အပါအဝင်ဖြစ်ရာ ပြီးခဲ့သည့် အပတ်က ဈေးကောက်များအား အပိုကောက်ခံသဖြင့် ဈေးသူများက ဆန္ဒပြတောင်းဆိုရာကနေ  ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဖြေရှင်းပေးခဲ့ရသည်။

 
“ဈေးကိုလေလံရောင်းချတဲ့အခါ စည်းကမ်းတွေရှိတယ်၊ သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်းဘဲ ကောက်ခံ ရ မယ် ဆိုပြီးရှိတယ်၊  အခု နာဇီဈေးမှာဖြစ်တဲ့ ကိစ္စက  ဈေးကိုမတန်တဆကောက်ခံတယ်လို့ ကျနော်တို့ သိရတယ်၊ ဝန်ကြီးချုပ်ကိုယ်တိုင် ပြောထားတာလဲ ရှိပါတယ်၊ သတ်မှတ်တဲ့  နှုန်းထားထက်ကျော် လွန်ရင် လုပ်ပိုင်ခွင့်လိုင်စင်ကို သိမ်းမယ်ဆိုပြီး ပြောထားတာရှိတယ်၊   ဒါပေမယ့် အခု နာဇီကိစ္စှတော့ ဘယ်လို ကိုင်တွယ်မလဲဆိုတာ စောင့်ကြည့်ရဦးမယ် “ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
 
ဈေးကောက်လေလံအား  ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်းသာ လုပ်ကိုင်ခွင့် ပြု ထားကြောင်း သိရသည်။
 
“ ကျနော်တို့ အစိုးရ အဖွဲက မူဝါဒတွေ ချမှတ်တယ်၊ ဈေးမှာဈေးကောက်လေလံတွေကို  ပစ်တဲ့ အခါ အဆ မတန်များပြီး   ဈေးရောင်းတဲ့သူဟာ အရင်နှစ်တုန်းက ဝမ်းစကွဲယားဖိ(တ်)ကို တစ်ရာဆိုရင် တစ်ရာဘဲ သတ်မှတ်တယ်၊ လေလံဆွဲတဲ့သူဟာ စီးပွားရေးတွက်ခြေကို့က်အောင် ကြည့်ပြီးတော့ဆွဲ၊ တစ်ရာတန်ကို သုံးရာ ဖြစ်ပြီးတော့ဟိုမှာ သွားကောက်ကလို့ကတော့  အကောက်မခံဘူး၊ အဲဒီလေလံစည်းကမ်းတွေကို စနစ်တကျ ကျင်းသုံးပါတယ်” ဟုရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးလှသိန်း (ပြည်နယ်ဥပဒေချုပ်)က သတင်းထောက်များ နှင့်တွေ့ဆုံပွဲတစ်ခုတွင်ပြောကြားခဲ့သည်။
 
စစ်တွေမြို့နယ်မှ စည်ပင်သာယာဈေးများအား မတ်လ(၆)ရက်နေ့က ၂၀၁၂ -၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ် အတွက် စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ အရပ်ရပ်အခွင့်အရေး လိုင်စင်များကို လေလံ ရောင်းချခဲပြီး  စုစုပေါင်း   ဈေးပေါင်း(၁၁)ဈေး အား   ရောင်းချခဲ့ကြောင်း သိရသည်။
 
ထိုသို့ရောင်းချရာတွင် ကျပ်(၁၁၈၅)သိန်းဖြင့် စစ်တွေမြို့မ ဈေးကိုလည်း လေလံတင်ရောင်းချထားသည်။ လက်ရှိတွင် စည်ပင် သာယာရေး အဖွဲ့မှ ဈေးကောက်လုပ်ငန်းများအားဆောင်ရွက်နေသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။