Thursday, May 17, 2012

နေပြည်တော်တွင် မိုဘိုင်းလ်ဖုန်းနှင့် အင်တာနက်သုံးစွဲသူ နည်းပါး


နေပြည်တော်ဒေသကြီးတွင်း ချထားပေးသည့် မိုဘိုင်းဖုန်းများတွင် အင်တာနက်လိုင်းလျှောက်ထားနိုင်သော် လည်း အသုံးပြုသူနည်းပါး လျက်ရှိကြောင်း နေပြည်တော် မိုဘိုင်းဖုန်းဆိုင်များမှ သိရသည်။
 

“ကျွန်တော်တို့ဆီမှာတော့ (အင်တာနက်လိုင်း) လာလျှောက်တာသိပ်မတွေ့ဘူး။ ကျွန်တော်တို့အနေနဲ့ကလည်း အသိမိတ်ဆွေတို့၊   လျှောက်ထား ချင်တဲ့သူတွေကို ၀န်ဆောင်အနေနဲ့ ကျပ်(၂၀၀၀)(၃၀၀၀)လောက်ယူပါတယ်။ ရုံးမှာ ဆိုရင်(၁၀၅၀၀)ပဲ ကျပါတယ်”ဟု နေပြည်တော် လူကြီးမင်းဖုန်းဆိုင်က ပြောသည်။
 
အင်တာနက်လိုင်းလျှောက်ထားမူအား နေပြည်တော် မိုဘိုင်းရုံးတွင်လည်း ကိုယ်တိုင်လျှောက်ထားနိုင်ပြီး၊ မိုဘိုင်းဖုန်း အရောင်းဆိုင်များတွင် ၀န်ဆောင်ခအနေဖြင့် ကျပ်(၁၀၀၀) မှ ကျပ် (၅၀၀၀) ၀န်းကျင်၊ ကနဦး တပ်ဆင်ခ ကျပ် (၁၀၀၀၀)၊ မှတ်ပုံတင်မိတ္တူ၊ ငှားရမ်းစာချုပ် (အရောင်းအ၀ယ်စာချုပ်)များ လိုအပ်ကြောင်း သိရသည်။
 
“ကနဦးတပ်ဆင်ခကတော့ တစ်သောင်းပါ။ GSMနဲ့ WCDMA တော့ လျှောက်လို့ရပါပြီ။ CDMA တော့မရသေး ပါဘူး။” ဟု နေပြည်တော် မိုဘိုင်းဖုန်းရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
နေပြည်တော် နှစ်သိန်းတန်ဖုန်များရောင်းအားကောင်းခဲ့သော်လည်း အဆိုပါ ဖုန်းများတွင် အင်တာနက်လိုင်း လာရောက်လျှောက်ထားမူ နည်းကြောင်း၊ဒေသခံများအနေဖြင့် အင်တာနက်သုံးစွဲမူနည်းပါးကြောင်း၊အင်တာနက် အသုံးပြုမူများ ၂၀၀၇-၂၀၀၈ ခုနှစ် ၀န်းကျင်မှ စတင်တွင်ကျယ်လာခဲ့ကြောင်း ပျဉ်းမနားမြို့တွင် အင်တာနက် ဆိုင်ဖွင့်ထားသူများကဆိုသည်။
 
နေပြည်တော် ဒေသတွင်း အင်တာနက်လိုင်းလျှောက်ထားအသုံးအပြုနိုင်မူကို ရန်ကုန်တိုင်းဒေသကြီးကဲ့သို့ မေလ (၇)ရက် နေ့တွင်စတင် ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် GSM မိုဘိုင်းဖုန်းနှင့် WCDMA မိုဘိုင်းဖုန်းများ တွင်သာ အင်တာနက်လျှောက်ထား အသုံးပြုနိုင်ကြောင်း နေပြည်တော်မိုဘိုင်း ဆက်သွယ်ရေး ရုံးက သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။