Thursday, May 17, 2012

ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ ဒီမိုက​ရေစီလမ်း​မများ​ ဓာတ်ပုံပြပွဲ ကျင်း​ပ

ပရဟိတ အဖွဲ့​နှစ်ဖွဲ့​ကို လှူဒါန်း​ဖို့​ ရည်ရွယ်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ပါတီစည်း​ရုံး​ရေး​ ခရီး​စဉ်အတွင်း​ ရိုက်ကူး​ခဲ့​တဲ့​ ဓာတ်ပုံပြပွဲကို ဒီ​နေ့​ကစလို့​ ၂၅ ရက်အထိ ရန်ကုန်က ပြင်သစ်သံရုံး​မှာ ကျင်း​ပ​နေပါတယ်။

ပြပွဲမှာ ပြသထား​တဲ့​ ဓာတ်ပုံ​တွေကို မြန်မာဓာတ်ပုံဆရာ ၃ ဦး​က ရိုက်ကူး​ခဲ့​တာဖြစ်ပြီး​ ဓာတ်ပုံ​ရောင်း​ရတဲ့​ ​ငွေရဲ့​ ၈၀ ရာခိုင်နှုန်း​ကို ​ဒေါ်ခင်ကြည် ​ဖောင်​ဒေး​ရှင်း​နဲ့​ ​ဒေါ်ဖြူဖြူသင်း​ရဲ့​ ကျန်း​မာ​ရေး​စောင့်​ရှောက်မှု လုပ်ငန်း​တွေကို လှူဒါန်း​သွား​မယ်လို့​ ဓာတ်ပုံဆရာ​တွေက ​ပြောပါ တယ်။

ဓာတ်ပုံဆရာ ကို​အောင်ပြည့်​က “လူထုနဲ့​ အန်တီနဲ့​ပုံ​တွေပဲပြတယ်။ လူထုနဲ့​ အန်တီနဲ့​ ဘယ်လိုရှိတယ်ဆိုတဲ့​ ပုံ​တွေကိုပဲ ပြတယ်။ အန်တီကို လူထုက ဘယ်လို​ထောက်ခံကြတယ်ဆိုတဲ့​ ပုံ​တွေကို အဓိကပြတယ်။ ဖီချာပုံသဏ္ဌာန် ဆန်ပါတယ်၊​ သတင်း​ပုံ​တော့​ တပုံ၊​ နှစ်ပုံ​လောက်ပဲ ပြထား​တယ်။ ဖီချာပုံ​တွေ​တော့​ ပြထား​တယ်။”

ဓာတ်ပုံဆရာ ၃ ဦး​က​တော့​ ကို​အောင်ပြည့်​၊​ ကိုမင်း​ဇေယျ၊​ ​ပြေ​ကျော်မြင့်​တို့​ ဖြစ်ပြီး​၊​ ​ဖေ​ဖော်ဝါရီလ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ​ကော့​မှူး​ခရီး​စဉ်က​နေ ​ရွေး​ကောက်ပွဲမှာ အနိုင်ရပြီး​ လူထုကို ​ကျေး​ဇူး​တင်စကား​ပြောတဲ့​ ဧပြီလ ၂ ရက်​နေ့​အထိ ရိုက်ကူး​ထား​တဲ့​ ဓာတ်ပုံ​တွေ ပါဝင်တယ်လို့​ ဓာတ်ပုံဆရာ​တွေက ​ပြောပါတယ်။

ဒီဓာတ်ပုံပြပွဲအဖွင့်​နေ့​ဖြစ်တဲ့​ ဒီ​နေ့​ည​နေပိုင်း​မှာ ​ဒေါ်​အောင်ဆန်း​စုကြည်လည်း​ တက်​ရောက်ချီး​မြှင့်​ပေး​မယ်လို့​ သိရပါတယ်။
ဒီဗွီဘီ

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။