ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ညှိနှိုင်းအစည်းအဝေးတွင် အမှာစကားပြောကြားနေစဉ် (ဓာတ်ပုံ - နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်)
ပြည်သူလူထု ပြုပြင်ပြောင်းလဲစေချင်သည့် ပြည်ထောင်စု ၀န်ကြီးဌာန၊
ရုံးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအထိ
စီမံအုပ်ချုပ်ရေး အဆင့်ဆင့် မပြေလည်မှုများအပေါ် အစိုးရဌာန စီမံခန့်ခွဲမှု
ပြုပြင်ပြောင်းလဲရေးဖြစ်သည့် (
Public Administration Reform) ပြုလုပ်ရန် လိုအပ်နေကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားခဲ့သည်။
ဒုတိယသမ္မတ
ဒေါက်တာစိုင်းမောက်ခမ်းက နိုင်ငံတော်သမ္မတရုံး၌ မေလ ၁၃ ရက်နေ့က ကျင်းပသည့်
Reform Strategy ရှင်းလင်းဆွေးနွေး ညှိနှိုင်းခြင်းနှင့်
ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာညှိနှိုင်း အစည်းအဝေးတွင် အထက်ပါအတိုင်း
ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက
Reform
လုပ်သည်ဆိုရာတွင် Political Reform, Admi- nistration Reform, Economic
Reform, Social Reform စသည်တို့အနက် ပြုပြင်ပြောင်းလဲရန် လိုအပ်သည်ကို
မြန်မြန်ထက်ထက် ပြုပြင်သွားကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့၏ mind-set
များလည်း ပြုပြင်ပြောင်းလဲရန် လိုအပ်ပါကြောင်းလည်း ပြောကြားခဲ့သည်။
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ညှိနှိုင်းအစည်းအဝေးတွင် အမှာစကားပြောကြားနေစဉ် (ဓာတ်ပုံ - နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်)
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ''ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ
ကမ်းလှမ်းနေသော်လည်း မိမိတို့မှ လက်မခံနိုင် ဖြစ်နေရကြောင်း၊
ပေါ်ပေါက်လာသည့် အခွင့်အရေးကို လက်လွှတ်မခံသင့်ကြောင်း၊ ပြုပြင်ပြောင်းလဲ
မည့် စီမံချက်မူကြမ်းကို ယခုလကုန်တွင် အပြီးဆောင်ရွက် တင်ပြရန်ဖြစ်ကြောင်း၊
ပြုပြင်ပြောင်းလဲရာတွင် မူဝါဒနှင့် ကြီးကြပ်မှုကိုလည်း ဆောင်ရွက်ကြရမည်
ဖြစ်ကြောင်း၊ မိမိတို့တွင် အတွေ့အကြုံ အားနည်းသဖြင့်
အကောင်အထည်ဖော်မှုအပိုင်းတွင် ခက်ခဲနိုင်ကြောင်း၊ သေချာလေ့လာလိုက်စားပါက
အရည်အသွေး တက်လာနိုင်ကြောင်း၊ ၀န်ကြီးဌာနများ ပြုပြင်ပြောင်းလဲမှု
လုပ်ရာတွင် ဦးစီးဌာနများ ဖောင်းပွနေမှု ရှိ၊ မရှိ၊ လေလွင့်မှုများ ရှိ၊ မရှိ
ပြန်ကြည့်ရန်လိုကြောင်း၊ ပြုပြင်ရန် လို၊ မလို၊ လက်ရှိအတိုင်းသွားရန် လို၊
မလို၊ စဉ်းစားဆောင်ရွက်ကြရန်နှင့် ပြုပြင်ရန်ရှိက အမြန်ဆောင်ရွက်ကြရန်
လိုကြောင်း၊ ညွှန်ကြားရေးမှူးချုပ်အဆင့်မှ အောက်ခြေအထိ ဆက်ဆံပုံ၊
လုပ်ကိုင်ဆောင်ရွက်ပုံများကို ပြောင်းလဲရန်ရှိက ပြောင်းလဲကြရန်
လိုအပ်ကြောင်း၊ သာမန်အားဖြင့် အောက်ခြေမှ တက်လာသော ၀န်ထမ်းများအနေဖြင့်
လုပ်ငန်းကျွမ်းကျင်မှုတွင် ပြောရန်မရှိသော်လည်း ကြားမှဖြတ် ၀င်လာသော
ပုဂ္ဂိုလ်များရှိလာပါက မူလ၀န်ထမ်းများ စိတ်ဓာတ် ကျဆင်းစေနိုင်ကြောင်း၊
၎င်းအပြင် ၀န်ကြီးဌာန၏ လုပ်ငန်းလည်း အထိုက်အလျောက် ကျဆင်းသွားနိုင်ကြောင်း၊
သို့ဖြစ်၍ မိမိခန့်ထားလိုသူ ရှိပါက အရည်အသွေးကို သိရှိနိုင်အောင်
ဝင်ခွင့်စာမေးပွဲများဖြင့် ဆောင်ရွက်ကြရန် လိုကြောင်း၊ ဤသို့သော
စနစ်မျိုးဖြင့်သာ ပြုပြင်သင့်၊ ဆောင်ရွက်သင့်ပြီး နိုင်ငံတော်အတွက်
စဉ်းစားသင့်ဆောင်ရွက်သင့်သော လုပ်ငန်းလည်းဖြစ်ပါကြောင်း၊ မူလ၀န်ထမ်းအတွက်
လမ်းပိတ်ထားသည့် ပုံစံမျိုးမဖြစ်စေရန်လည်း စဉ်းစားဆောင်ရွက်သင့်ပါကြောင်း''
အဆိုပါ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
သာမန်အားဖြင့်
အောက်ခြေမှတက်လာသော ၀န်ထမ်းများအနေဖြင့် လုပ်ငန်းကျွမ်းကျင်မှုတွင်
ပြောရန်မရှိသော်လည်း ကြားမှဖြတ်ဝင်လာသော ပုဂ္ဂိုလ်များ ရှိလာပါက
မူလ၀န်ထမ်းများ စိတ်ဓာတ် ကျဆင်းစေနိုင်ကြောင်း၊ ၎င်းအပြင် ၀န်ကြီးဌာန၏
လုပ်ငန်းလည်း အထိုက်အလျောက် ကျဆင်းသွားနိုင်ကြောင်း၊ သို့ဖြစ်၍
မိမိခန့်ထားလိုသူရှိပါက အရည်အသွေးကို သိရှိနိုင်အောင်
ဝင်ခွင့်စာမေးပွဲများဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း . . .
သာမန်အားဖြင့် အောက်ခြေမှတက်လာသော ၀န်ထမ်းများအနေဖြင့်
လုပ်ငန်းကျွမ်းကျင်မှုတွင် ပြောရန်မရှိသော်လည်း ကြားမှဖြတ်ဝင်လာသော
ပုဂ္ဂိုလ်များ ရှိလာပါက မူလ၀န်ထမ်းများ စိတ်ဓာတ် ကျဆင်းစေနိုင်ကြောင်း၊
၎င်းအပြင် ၀န်ကြီးဌာန၏ လုပ်ငန်းလည်း အထိုက်အလျောက် ကျဆင်းသွားနိုင်ကြောင်း၊
သို့ဖြစ်၍ မိမိခန့်ထားလိုသူရှိပါက အရည်အသွေးကို သိရှိနိုင်အောင်
ဝင်ခွင့်စာမေးပွဲများဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း . . .
|
''ပြည်တွင်း လုပ်ငန်းရှင်များနှင့် ပတ်သက်၍ နိုင်ငံခြားမှ လာရောက်
ရင်းနှီးမြှုပ်နှံမှုများကို ပေးသင့်၊ မပေးသင့်
စဉ်းစားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဘဏ်လုပ်ငန်း လုပ်ကိုင်သူက
မိမိတို့နိုင်ငံနှင့်ပတ်သက်၍ နောက်ပြန် သွားမည်လား၊ ရှေ့တိုးမည်လား
သံသယရှိနေချိန်တွင် ဖက် စပ်လုပ်မှ ခွင့်ပြုမည်ဆိုပါက တချို့
ပြန်လှည့်သွားနိုင်ကြောင်း၊ တချို့ကလည်း ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ
အားလုံးကို ပြန်ထုတ်သွားခြင်းအားဖြင့် ပြည်တွင်း
စီးပွားရေးလုပ်ငန်းရှင်များ နစ်နာနိုင်သည်ကိုလည်း ထည့်သွင်းစဉ်းစားရမည်
ဖြစ်ပါကြောင်း၊ နိုင်ငံခြားငွေ ကိုင်ဆောင်မှုနှင့် ပတ် သက်၍ မလိုအပ်သော
ထိန်းချုပ်မှုများကိုလည်း ပြုပြင်ပြောင်းလဲရမည် ဖြစ်ပါကြောင်း၊
လူ့သဘာဝအနေဖြင့် မြှောက်ပင့်ပြောလျှင် ကျေနပ်တတ်ရာ မကောင်းဘဲနှင့်
မြှောက်ပင့်ပြောသည်များအပေါ် ကျေနပ်သည့်စိတ်မျိုးကိုလည်း
ပြုပြင်ပြောင်းလဲရန် လိုအပ်ပါကြောင်း၊ ဝေဖန်ခံနိုင်မှ အမှန်ကို
မြင်ရမည်ဖြစ်၍ ဝေဖန်ခံနိုင်ရန်လည်း လိုအပ်ပါကြောင်း၊
ဝန်ကြီးဌာနများအနေဖြင့် လုပ်ငန်းပိုင်းတွင် တစ်နှစ်ကျော်ခဲ့သော်လည်း
အကောင်အထည် မဖော်နိုင်သည်များ ရှိပါကြောင်း၊ လုပ်နိုင်သည်၊
မလုပ်နိုင်သည်ကို ရှင်းရှင်းလင်းလင်းဖြစ်ရန် လိုအပ်ပါကြောင်း၊ အချို့က
ပြောင်းလဲပြီဆိုသော်လည်း အမှန်တကယ် လုပ်ကိုင်သည့်အခါ အကန့်အသတ်များစွာ
ရှိနေသည်ကို တွေ့ရပါကြောင်း၊ ဤသည်များကိုလည်း ပြုပြင်
ပြောင်းလဲရမည်ဖြစ်ပါကြောင်း၊ အစည်းအဝေးများတွင် စီမံကိန်းများ၊
စီမံချက်များ၊ အားနည်းချက်၊ အားသာချက်များကို ဆောင်ရွက်ကြမည်၊
ပြုပြင်ကြမည်ဟု ပြောသည်မှာ ခေါက်ရိုးကျိုးနေပြီ ဖြစ်ပါကြောင်း၊
အားနည်းချက်များကို သိသော်လည်း မပြင်ရဲဘဲဖြစ်နေကြကြောင်း၊ ပြည်တွင်း ပြည်ပ
စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အကျိုးအမြတ်ကို
မူတည်ဆောင်ရွက်ကြသော်လည်း မိမိ တို့ အစိုးရဌာန၀န်ထမ်းများမှာမူ
ကိုယ်ကျိုးစွန့်၍ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း''လည်း ၎င်းက ပြောကြားခဲ့သည်။
''ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်
ချိတ်ဆက်ဆောင်ရွက်ရန်ရှိပါက လွှတ်တော်နှင့် ဆက်သွယ် ဆောင်ရွက်ရမည်
ဖြစ်ပါကြောင်း၊ ပြုပြင် ပြောင်းလဲမှုသည် ၀န်ကြီးဌာနအားဖြင့်ဖြစ်စေ၊
အစိုးရအနေဖြင့်ဖြစ်စေ နိုင်ငံတော်သမ္မတ၏ အခွင့်အာဏာ ဖြင့်ဖြစ်စေ
ပြောင်းလဲနိုင်ပါကလည်း ပြောင်းလဲရန် မခက်သည်ကို တွေ့ရှိနိုင်ပါကြောင်း''
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားခဲ့သည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။