Thursday, May 17, 2012

 GSM ဖုန်း အလုံးရေ လေးသိန်းကျော်နှင့် WCDMA ဖုန်းအလုံးရေ လေးသောင်းကျော် ချထားပြီးခဲ့ရာတွင် ရန်ကုန်တိုင်းဒေသကြီးမှာ ၀ယ်လိုအား အများဆုံးဖြစ်

GSM မိုဘိုင်းဖုန်းများ၏ ပထမနှစ်စီမံကိန်းအရ မိုဘိုင်းဖုန်းအလုံးရေ လေးသန်းချထားပေးမည် ဖြစ်ပြီး ယခု အခါပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ ယင်းဖုန်း အရေအတွက်ထဲမှ GSM မိုဘိုင်းဖုန်း အလုံးရေ လေးသိန်းကျော် နှင့် WCDMA မိုဘိုင်းဖုန်း အလုံးရေ လေးသောင်းကျော် ချထားပေးခဲ့ရာတွင် ရန်ကုန်တိုင်းဒေသကြီးမှာ ၀ယ်လိုအား အများဆုံးဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ထုတ်ပြန်ချက်များ အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း ၌မေလ၂ ရက်နေ့အထိGSM မိုဘိုင်းဖုန်း အလုံးရေပေါင်း ၁၅၈၂၆၆ လုံး နှင့် WCDMA မိုဘိုင်းဖုန်း အလုံးရေ ပေါင်း ၂၄၀၄၉ လုံး ရောင်းချပြီး ဖြစ်ကြောင်းသိရပြီး ယင်းအရေအတွက်မှာ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရောင်းချရသည့် အရေအတွက်ထဲ၌ အများဆုံးဖြစ်ပြီး ဒုတိယ၀ယ် လိုအားအများဆုံးမှာ မန္တလေးတိုင်း ဒေသကြီးဖြစ်ပြီး GSM မိုဘိုင်းဖုန်း အလုံးရေ ၅၈၄၀၁ လုံးနှင့် WCDMA မိုဘိုင်းဖုန်းအလုံးရေ  ၄၂၈၉ လုံး ရောင်းချပြီးဖြစ်ကြောင်း သိရသည်။
“ ရောင်းချပြီးသမျှ နေရာတွေမှာ ရန်ကုန်တိုင်းကတော့ ၀ယ်လိုအား အများဆုံးပါပဲ။ ထင်ထားတာထက် ကိုပိုပြီး အရောင်းတက်ခဲ့ပါတယ်”  ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထိုသို့ GSM မိုဘိုင်းဖုန်းများ အရောင်းစံချိန်တင်ခဲ့သည့် ရက်များ မှာ ရန်ကုန်မြို့၌ ယင်းဖုန်းများ စတင် ချထားပေးခဲ့သည့် ဧပြီလ ၈ ရက်နေ့၊ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့များဖြစ်ကြောင်း သိရပြီး ယင်းရက်များ၌ အလုံးရေရှစ်သောင်းကျော် ရောင်းချပေးခဲ့ရကြောင်း သိရသည်။

 ၂-၅-၂၀၁၂ ရက်နေ့အထိ တိုင်းဒေသအချို့တွင် GSM / WCDMA တပ်ဆင်ပြီးသည့် အရေအတွက်များ


GSM   WCDMA
၁  နေပြည်တော်    ၁၃၅၁၆ ၂၁၇၃
စစ်ကိုင်းတိုင်းဒေသကြီး  ၂၇၄၆၂ ၇၉၃
မန္တလေးတိုင်းဒေသကြီး(ပြင်ပ)   ၄၉၇၈၅ ၈၆၉
မန္တလေးတိုင်းဒေသကြီး(မြို့တွင်း) ၈၆၁၆  ၃၄၂၀
ရန်ကုန်တိုင်းဒေသကြီး(ပြင်ပ)    ၃၂၁၅၇ ၂၀၀၀
ရန်ကုန်တိုင်းဒေသကြီး(မြို့တွင်း) ၁၂၅၇၉၄        ၂၁၆၈၄
ရုံးချုပ်အခြေစိုက် ဆက်သွယ်ရေးစခန်း     ၃၁၅    ၃၆၅
ဧရာဝတီတိုင်း ဒေသကြီး ၂၀၁၃၉ ၃၅၅

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။