Thursday, May 17, 2012

လှိုင်သာယာမြို့နယ် စံပယ်ပွင့်အထည်ချုပ်စက်ရုံ၌ အခြေခံအလုပ်သမားသမဂ္ဂဖွဲ့ စည်း

လှိုင်သာယာမြို့နယ် စံပယ်ပွင့်အထည်ချုပ်စက်ရုံ၌ အခြေခံအလုပ်သမားသမဂ္ဂဖွဲ့ စည်းနေစဉ်
နစ်နာချက်များအားတောင်းဆိုနေသည့်စံပယ်ပွင်အထည်ချုပ်စက်ရုံ၌
အခြေခံအလုပ်သမားသမဂကို(၁၆-၅-၂၀၁၂)၇က်နေ့တွင်အောင်မြင်စွာ
ဖွဲ့စည်းခဲ့ကြောင်းနှင့်မကြာမှီမှတ်ပုံတင်မည်ဖြစ်ကြောင်း အလုပ်သမား
သမဂ္ဂဖြစ်မြောက်ရေးအတွက်ဥပဒေအကြံပေးရှေ့နေဦးဌေးမှပြောကြားခဲ့ပါသည်။
၁- မခင်သီတာဦး (ဥက္ကဌ)
၂- မခင်သန္တာကျော် (အတွင်းရေးမှူး)
၃- မတင်တင်အေး (ဘဏ္ဍာရေးမှူး)
၎- မသင်းသင်းဆွေ (စာရင်းစစ်)
၅- မငြိမ်းငြိမ်းအိ
၆- မစန်းခေါင်းဂျီ
၇- မဇင်မာလွင် တို့ဖြစ်ကြပါသည်။
၁၄-၅-၂၀၁၂)ရက်နေ့မှစတင်၍ (၁၇-၅-၂၀၁၂)အထိ ၄ရက်ဆက်တိုက်
စံပယ်ပွင့်အထည်ချုပ်စက်ရုံမှ အလုပ်သမား၃၅၀ကျော်သည် အခြေခံလုပ်ခ
သတ်မှတ်ချက်မရှိခြင်း၊ရက်ပျက်လျှင်ငွေဖြတ်ခြင်း၊ ၁မိနစ်မှ၅မိနစ်အတွင်း
နောက်ကျလျှင် ၁၅၀၀ကျပ်ဖြတ်ခြင်း၊ အများပြည်သူပိတ်ရက်များတွင်
အလုပ်ဆင်းရခြင်းတို့အတွက် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်ဟု
အလုပ်သမားအရေးဆောင်ရွက်သူ
ရှေ့နေဦးဌေးမှပြောကြားပါသည်။ မကြာမှီနောက်ရက်များတွင်လည်း နေမင်းအောင်
အထည်ချုပ်၊ ပုလဲအထည်ချုပ် တို့အလုပ်သမားသမဂများအမြန်ဆုံဖွဲ့စည်းနိုင်ရန်
ဥပဒေရေးရာအကြံဥာဏ်များပေးနေကြောင်းအဆိုပါ ရှေ့နေဦးဌေးမှပြောကြားပါသည်။

Myanmar News Now

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။