Tuesday, January 15, 2013

Post titleမိုဘိုင်းဖုန်းကတ် ရောင်းချရန် ခွင့်ပြုမိန့် မရသေးဟု ဆက်သွယ်ရေးအင်ဂျင်နီယာချုပ် ပြောကြား


မြန်မာ့ဆက်သွယ်ရေးမှ မိုဘိုင်းဖုန်းလိုင်းကတ်များကို ဈေးနှုန်းလျော့ချ ရောင်းချပေးနိုင်ရန် ခွင့်ပြုချက်မရရှိသေးကြောင်း မြန်မာ့ ဆက်သွယ်ရေးမှလုပ်ငန်းမှ သိရှိရသည်။

ဇန်န၀ါရီလအတွင်း မိုဘိုင်းဖုန်းလိုင်းကတ်များအား ဈေးနှုန်းလျှော့ချ၍ ရောင်းချပေးနိုင်ရန် စီစဉ်ထားသည်မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြီးခဲ့သည့် နှစ်ကုန်းပိုင်းတွင် ပြောကြားခဲ့သော်လည်း လက်ရှိအချိန်အထိ ရောင်းချနိုင်ခြင်းမရှိသေးသည့် အပေါ်တွင် ပြောကြား လိုက်ခြင်းဖြစ်သည်။

 “ကျွန်တော်တို့ ဈေးနှုန်းလျှော့ချပြီး ရောင်းဖို့ကိုလည်း ၀န်ကြီးဌာနအနေနဲ့ အထက်ဌာနတွေကို တင်ပြထားတယ်၊ ဘယ်ဈေးနှုန်းနဲ့ ရောင်း မယ့်ရက် ဆိုတာ အဲဒီဌာနတွေက ခွင့်ပြုလိုက်မှပဲ သိရှိရမှာဆိုတော့ ဘာမှပြောလို့မရသေးဘူး ”ဟု မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။


ဒီဇင်ဘာလအတွင်း မိုဘိုင်းဖုန်းများကိုဈေးနှုန်းလျော့၍ ရောင်းချပေးရန် အစီအစဉ်ရှိသည်ဟုဆိုကာ မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ လက်ကျန် နှစ်သိန်းနှင့် နှစ်သိန်းခွဲတန် မိုဘိုင်း SIM ကတ်များကို ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်း ခဲ့သည်။

ထိုကဲ့သို့ သတင်းများထွက်ပေါ်ပြီး နောက်ပိုင်း ဟန်းဆက်အရောင်းဈေးကွက်နှင့် မိုဘိုင်းဖုန်းလိုင်းကတ် အရောင်း ဈေးကွက်မှာ အပြောင်းအလဲများစွာဖြစ်ပေါ်ခဲ့ကြောင်း မိုဘိုင်းဖုန်းဆိုင်များက သိရသည်။

SIM ကတ်အသစ်များထွက်ရှိလာမည်ဟုသော သတင်းကြောင့် ဒီဇင်ဘာလအတွင်းမှစတင်၍ သိသိသာသာ ရောင်းအားလျှော့ကျ လာကြောင်း ဈေးကွက်အတွင်းက သိရသည်။

ထွက်ပေါ်လာနိုင်သည့် ဈေးနှုန်းများမှာ GSM မိုဘိုင်း SIM ကတ်တစ်ကတ်လျှင် ၁သိန်းကျပ်ဖြစ်ပြီး WCDMA မိုဘိုင်း SIM ကတ်ဈေးနှုန်းမှ ၁သိန်းနှစ်သောင်း ၀န်းကျင် ဖြစ်နိုင်ကြောင်း ရတနာပုံ Call Centre မှ ခန့်မှန်းပြောဆိုမှုအရ သိရသည်။

လက်ရှိအချိန်တွင် မိုဘိုင်းဖုန်းရောင်းချမည်ရက်မှာ ဇန်န၀ါရီ ၁၅ ရက်နေ့ထွက်ရှိမည်ဟု သတင်းအမျိုးမျိုး ထွက်ပေါ်နေကြောင်း ကိုလည်း ဈေးကွက်အတွင်းမှ သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။