Monday, August 13, 2012

 တူရကီနိုင်ငံခြားရေးဝန်ကြီး စစ်တွေရှိ ရခိုင်နှင့်ဘင်္ဂါလီ ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်လေ့လာ



7454
တူရကီနိုင်ငံခြားရေးဝန်ကြီးနှင့် အဖွဲ့အား ရခိုင်ကယ်ဆယ်ရေး စခန်းတစ်ခုတွင် တွေ့ရစဉ်
တူရကီသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး H.E Mr Ahmet Davutoglu နှင့် ဇနီး Mrs. Sare Davutoglu၊ ၀န်ကြီးချုပ် ဇနီး Mrs. Emine Erdogan နှင့် ၀န်ကြီးချုပ်သမီး Miss Sumeyye Erdogan တို့သည် မြန်မာနိုင်ငံ နယ်စပ်ရေးရာ ၀န်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး၊ နတလ ညွှန်ကြားရေးမှူးချုပ်တို့ နှင့် သီးခြားကိုယ်စားလှယ်အဖွဲ့ဝင်များ ၉၉ ဦးပါဝင်သည့် အဖွဲ့သည် သြဂုတ် လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ မိ နစ် ၄၀ ခန့်တွင် စစ်တွေမြို့သို့ရောက်ရှိလာခဲ့ပြီး ဘင်္ဂါလီကယ်ဆယ်ရေး စခန်းတစ်ခုနှင့် ရခိုင်ကယ်ဆယ်ရေး စခန်းတစ်ခုသို့ သွားရောက် လေ့လာခဲ့ကြောင်း သိရှိရသည်။

ပထမဦးစွာ စစ်တွေလေဆိပ်မှ တစ်ဆင့် ဘင်္ဂါလီကယ်ဆယ်ရေး စခန်းသို့ သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေးစခန်းမှ ဘင်္ဂါလီများနှင့် တွေ့ဆုံခဲ့သည်။ ယင်းသို့တွေ့ဆုံရာတွင် ဘင်္ဂါလီများ နေထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများကို မေးမြန်းခြင်းနှင့် မည်သည့် အကူအညီများ လိုအပ်သည်များကို မေးမြန်းခဲ့ကြောင်းလည်း သိရသည်။ ကယ်ဆယ်ရေးစခန်းမှ ဖြေကြားသူများကလည်း လက်ရှိအခြေ အနေသည် အဆင်မပြေလှကြောင်း နှင့် အစစအရာရာ ပြုပြင်ပေးလိုခြင်းများကို တင်ပြခဲ့ကြသည်။
ယင်းနောက် မွန်းလွဲ ၁၂ နာရီ ၁၅မိနစ်တွင် ဘင်္ဂါလီကယ်ဆယ်ရေး စခန်းမှ ပြန်လည်ထွက်ခွာလာခဲ့ရာ ဆုတောင်းပြည့်ကျောင်းတိုက်ရှိ ခိုလှုံ နေကြသော ရခိုင်ဒုက္ခသည်များနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။
ယင်းနောက် အဆိုပါကျောင်း မှဘုန်းတော်ကြီး ဦးဥာဏ၀ံသနှင့် တွေ့ဆုံရာတွင် တူရကီနိုင်ငံခြားရေး ၀န်ကြီးက ဘင်္ဂါလီလူမျိုးသည် ရန်လိုသော လူမျိုး မဟုတ်ကြောင်းနှင့် သူတို့အရင်နေထိုင်ခဲ့သကဲ့သို့ အတူတကွ ခိုက်ရန်မဖြစ်ဘဲ နေထိုင်ကြပါရန် လျှောက်ထားခဲ့သည်။ ဆရာတော်ကလည်း လက်ရှိဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်အတွင်းမှ အခြေအနေမှန်များကို ပြောကြားခဲ့ကြောင်း လည်း သိရသည်။
ယင်းနောက် မွန်းလွဲ ၁ နာရီ မိနစ် ၃၀ ခန့်တွင် စစ်တွေမြို့ပေါ်ရှိ အောင်မင်္ဂလာကျေးရွာသို့ သွားရောက်ကာ ဗလီတွင် ၀တ်ပြုဆုတောင်းခြင်း နှင့် ဘာသာရေးခေါင်းဆောင်များ နှင့်တွေ့ဆုံခဲ့ပြီး ဘင်္ဂါလီများနှင့် ၁၅ မိနစ်ခန့်တွေ့ဆုံ စကားပြောဆိုပြီးနောက် အောင်မင်္ဂလာမှ ထွက်လာခဲ့သည်။ ယင်းနောက် စစ်တွေဟိုတယ်တွင် ခဏအနားယူပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးသို့ ညနေ ၃ နာရီ ၄၀ မိနစ်တွင် ရောက်ရှိလာခဲ့ရာ ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ စတင်ဖြစ်ပွားခဲ့ခြင်းများကို ပုံနှင့်တကွ ရှင်းလင်းခဲ့သည်။ ယင်းသို့တင်ပြရာတွင်လည်း လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် နိုင်ငံတော် မှ လုပ်ဆောင်ချက်များ အားလုံးကို ရှင်းလင်းတင်ပြခြင်းဖြစ်ပြီး မောင်တောမြို့နယ်အတွင်း နယ်စပ်ခြံစည်းရိုး ကာရံထားမှုများ၊ ဘင်္ဂါလီများ မီးရှို့သွားသော ရွာများနှင့် လက်ရှိကယ်ဆယ်ရေး စခန်းများ၏ အခြေအနေ အရပ်ရပ်တို့ကိုလည်း ရှင်းလင်းတင်ပြခဲ့သည်။ အလားတူ ဘင်္ဂါလီဘာသာရေး ခေါင်းဆောင်များနှင့်တွေ့ဆုံ ဆွေးနွေးမှုများ၊ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေမှုများ အပါအ၀င် နိုင်ငံခြားအဖွဲ့အစည်းများ နှင့် တွေ့ဆုံခြင်း၊ ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်ခြင်းများလည်း ထည့်သွင်းရှင်းလင်းခဲ့သည်။
ထို့အတူ တူရကီ နိုင်ငံခြားရေး ၀န်ကြီးကလည်း အရေးအကြီးဆုံးမှာ ထင်သာမြင်သာရှိရေးနှင့် လုံခြုံရေးများ တိုးချဲ့ချထားရေးနှင့် နှစ်ဦးနှစ်ဖက် ပြေလည်အောင် ညှိနှိုင်းခြင်းများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း နှင့် မိမိတို့အနေဖြင့် မြန်မာနိုင်ငံ အစိုးရအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် စီမံကိန်းများ ရေးဆွဲ ရာတွင်လည်း ပါဝင်ကူညီသွားမည် ဖြစ်ကြောင်းများကို ထည့်သွင်းတင်ပြ သွားခဲ့သည်။     

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။