Monday, August 13, 2012

 သြဂုတ် ၁၃ ရက်နေ့မှစ၍ မောင်တောမြို့ရှိ အခြေခံပညာကျောင်းအချို့ ပြန်လည်ဖွင့်လှစ်မည်


သြဂုတ်လ ၁၃ ရက်နေ့မှ စ၍ မောင်တောမြို့ရှိ အခြေခံပညာကျောင်းအချို့ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ ပြန်လည်ဖွင့်လှစ်မည့်ကျေင်းများမှာ အ.မ.က ၁၊ အ.မ.က ၃၊ အ.မ.က ၄၊ အ.မ.က (အောင်ဗလ)၊ အ.လ.က ၂ (၄မိုင်)၊ အ.လ.က (ကျီးကန်းပြင်)၊ အ.ထ.က (မောင်တော) ကျောင်းများ ဖြစ်ကြောင်း သိရှိရပါသည်။ "အ.ထ.က(မောင်တောင်)ကျောင်းလည်း ပြန်ဖွင့်ပါမယ်။ ဒါပေမယ့် တက္ကသိုလ်ဝင်တန်းတစ်တန်းကိုပဲ ပြန်ဖွင့်ပါဦးမယ်။ အဲ့ကျောင်းမှာ နံနက် ၇နာရီကနေ ၁၁ နာရီထိ ရခိုင်လူမျိုးကျောင်းသားတွေကို သင်ကြားပေးမှာဖြစ်ပြီး၊ နေ့လယ် ၁၂ နာရီကနေ ၄ နာရီထိကိုတော့ ဘင်္ဂါလီကျောင်းသားတွေကို သင်ပေးမှာပါ။" ဟု မြို့နယ်ပညာရေးမှုး ဦးကြာလှထွန်းကပြောပါသည်။

လတ်တလောတွင် လုံခြုံရေးအခြေအနေအရ ယခုကဲ့သို့ အချိန်ခွဲသင်ကြားရခြင်းဖြစ်ကြောင်းနှင့် အခြေအနေတိုးတက်ကောင်းမွန်မှုပေါ်မူတည်ပြီး ကျန်ပိတ်ထားသော ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်သလို အားလုံးအတူတကွ ပညာသင်ကြားနိုင်မည်ဖြစ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ အေးချမ်းစွာပညာသင်ကြားနိုင်ရေး ကြီးကြပ်ရေးကော်မတီကို ရပ်မိရပ်တွေ၊ ကျောင်းတာဝန်ရှိသူများဖြင့် ဖွဲ့စည်းထားကြောင်း၊ ကျောင်းဝင်းအတွင်းလုံခြုံရေးကို လုပ်ဆောင်ပေးကြမည်ဖြစ်ပြီး ကျောင်းပြင်ပတွင် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့တွေ တာဝန်ယူပေးမည်ဖြစ်ကြောင်း သိရသည်။"
ဇွန်လ (၈) ရက်နေ့က မောင်တောမြို့တွင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ၂ လကျော်ကြာပိတ်ထားခဲ့ရာမှ ကျောင်းအချိုအား ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ပြီး မောင်တောမြို့ရှိ အခြေခံပညာကျောင်း စုစုပေါင်း ၁၅၉ ကျောင်းအနက် ၇ ကျောင်းသာ ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။