Wednesday, January 16, 2013

ပိတ်ဆို့မှု အားလုံး ရုတ်သိမ်းရန် ရုရှ နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

နယူးဒေလီ (မဇ္ဈိမ)။   ။ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ဆက်လက်ထားရှိမှုကို ဆန့်ကျင်လျက် အားလုံးပြန်လည် ရုတ်သိမ်းရန် နေပြည်တော်တွင် ရောက်ရှိနေသည့် ရုရှ နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က တောင်းဆိုလိုက်
သည်။ 



“လက်ရှိ အခြေအနေမှာ ဘယ်လို ပိတ်ဆို့မှုမျိုးမှ မသင့်လျော်တော့ပါဘူး” ဟု ဥရောပသမဂ္ဂအဖွဲ့ဝင် ရုရှ နိုင်ငံခြား
ရေးဝန်ကြီးက မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် နှင့် ဗုဒ္ဓဟူးနေ့က တွေ့ဆုံအပြီး  ပြောကြားလိုက်ခြင်း
ဖြစ်သည်။

ရုရှနှင့်မြန်မာ အစိုးရများအကြား ပူးတွဲကော်မရှင်တရပ် ဖွဲ့စည်းရန်၊ ပူးတွဲ စည်းပွားရေးကောင်စီ ထူထောင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှု ကာကွယ်ရေး စာချုပ် ချုပ်ဆိုရန် သဘောတူထားပြီးဖြစ်သည်။

ရုရှနှင့်မြန်မာ သံတမန်ဆက်ဆံရေးကို လွတ်လပ်ရေးရစ ၁၉၄၈ ခုနှစ် ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့ကတည်းက ထူထောင်နိုင်ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။