Wednesday, January 16, 2013

ဆင်းရဲနေချိန်ကာလမှာ တိုင်းပြည်က ဘာလိုချင်တယ် ပြောနေမယ့်အစား ဘာလုပ်ပေးနိုင်တယ်ဆိုတာ ပြောပါ

ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ဆဠမ ပုံမှန်အစည်းအဝေး တတိယနေ့တွင် သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်ကပြောကြားရာတွင် ကျွန်တော်တို့နိုင်ငံကလေး ဘ၀ကစ၍ သေဆုံးတဲ့ အထိ ဆင်းရဲ မွဲတေမှု၏ နိုင်ငံတွင်း အကျိုးဆက်ကို ခံစားနေရတာဟာ အာဆီယံတွင် ၁၀ မှာ ၉ အဆင့်ထိ ဘိတ်ဆုံးရဲ့ တတိယနေရာမှာ ရှိနေတာကြောင့် ဆင်းရဲမွဲတေမှု လျှော့ချဖို့ရန် အဆိုအားတင်ပြကြောင်း"ကျွန်တော်တို့နိုင်ငံမှာ ၂၅.၆ ရာခိုင်နှုန်းဆင်းရဲမွဲတေမှုနှုန်း ၂၆ ရာခိုင်နှုန်း နဲ့ပါဝင်နေရပါတယ်။

 ဒီကဏန်းတွေရဲ့သရုပ်သကန်ကဘာလဲဆိုရင် ဒီကနေ ရန်ကုန်မှာရောမန္တလေးမှာရောနေပြည်တော်မှာရော ကလေးသူငယ်တွေဟာ ပလပ်စတစ်ကောက်ပြီးတော့အသက်မွေးဝမ်းကျောင်းပြုနေတဲ့ကလေးသူငယ်ရှိကြတယ်။

 အမြောက်အများပါ အဲဒီလိုဘဲစားသောက်ဆိုင်တွေမှာဘ၀နဲ့ မမျှအောင် မိုးလင်းမှ မိုးချုပ်လုပ်စားလောက်ရုံလောက်သာရပြီး အသက်ဆက်ရှင်နေရတဲ့ ကလေးတွေ ၊ အဲဒီကစပြီးလူငယ်တွေကျတော့လည်း ပြည်တွင်းမှာ ကျွန်တော်တို့အလုပ်အကိုင်အခွင့်အလမ်းမဖန်တီးနိုင်တဲ့အတွက် ပြည်ပထွက်ပြီး အလုပ်လုပ်ကိုင်ရတဲ့လူငယ်တွေ ရာဇ၀င်မှုလမ်းကြောင်းကိုကျူးလွန် လာပြီးတော့ ဘ၀ရဲ့ငတ်ပြတ်မှုတွေကြောင့် ဆွဲကြိုးလုပြေးတဲ့လူငယ်တွေကြည့်လိုက်ရင်အများအားဖြင့်အသက်(၂၀)သာသာလူငယ်တွေမြင်ရတာကိုလည်းတွေ့နေရပါတယ်။

ကလေးသူငယ်တွေနဲ့ ပတ်သက်လို့ ၁၉၉၁ ခုနှစ်လောက်က ကုလသမဂ္ဂညီလာခံသဘောတူစာချုပ်မှာ ကျွန်တော်တို့ နိုင်ငံဟာလည်း ၁၉၉၁ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ပါတယ်။အဲဒီစာချုပ်အရမည်သည့်ကလေးသူငယ်မဆို ဆင်းရဲနွမ်းပါးပါက သို့မဟုတ် ဆင်းရဲချို့တဲ့ပါက အစိုးရထဲမှ အကူအညီရပိုင်ခွင့်ရှိသည်ဟု သဘောတူထားပါတယ်။

အဲဒီစာချုပ်အရ ယနေ့အထိ ကလေးသူငယ်များခံစားပိုင်ခွင့်ရှိပါတယ်။ လူမှုဝန်ထမ်းဌာနရဲ့ တင်ပြချက်ကိုကြည့်ရင် မြန်မာနိုင်ငံရဲ့ ကလေးသူငယ်များ မခံစားရသေးတာကိုတွေ့နေရပါတယ်။ ကျွန်တော်တို့ဟာ ကုလသမ္မဂနဲ့ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်တွေဟာ ကျွန်တော်တို့ နိုင်ငံက လက်မှတ်ထိုးရုံသက်သက်နဲ့ တာဝန်မကျေသေးပါဘူး။ယနေ့အဖြစ်အမှန်အတိုင်းပြောရရင် အနာဂတ်မိခင်ကောင်းတွေဖြစ်တဲ့အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကိုပါပြောပါမယ်။ The Voice ဂျာနယ်မှာ ဘ၀နွမ်းထဲက အကြွေပန်းလေးများရေတဲ့ဆောင်းပါးအရ ပြည့်တန်ဆာလုပ်ငန်းဟာ ဘုရင်လက်ထက်ကတည်းကရှိတာတော့မှန်ပါတယ်။

 အခုကာလမှာတော့ အရင်က မြို့ပြမှာပဲ များပြားခဲ့တဲ့ ဒီလုပ်ငန်းဟာ ပခုက္ကူမြို့ရဲ့ ကျေးရွာတစ်ရွာမှာ တစ်ရွာလုံးက ပြည့်တန်ဆာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းလုပ်နေတာကိုတွေ့နေရပါတယ်။ ကြေကွဲစရာကောင်းတာက မိဘကိုယ်တိုင်က (၆)သောင်းကျပ်နဲ့ လာပြီးေ၇ာင်းစားခဲ့ရတဲ့အတွက်ကာယကံရှင်ကလည်းမိဘလုပ်ကျွေးချင်တဲ့အတွက် ဒီလုပ်ငန်းကိုပဲ ဘ၀ရင်းပြီးတော့ လုပ်ကိုင်နေရတဲ့အဖြစ်မျိုးဟာ ကျွန်တော်တို့နိုင်ငံမှာ ကျေးလက်မှာပင် ရွာလုံးကျွတ် ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်တဲ့အဆင့် ရောက်နေတဲ့အခြေအနေက ကျွန်တော်တို့ ပြည်ထောင်စုလွတ်တော်ကိုယ်စားလှယ်တွေကို သတိပေးလိုက်တာပဲဖြစ်တယ်။

ပခုက္ကူတွင်မကပါဘူး။ ကျွန်တော်တို့ နေပြည်တော်ကြီးကိုပါထိုးဖောက်ဝင်ရောက်နေပါပြီး။ ပုပ္ပသီရိမြို့နယ် ၊ ဆင်ဖြူရှင်ရပ်ကွက် ၊ တပင်ေ၇ွှထီးရပ်ကွက် ၊ အဲဒီ ရပ်ကွက်မှာ ပြည့်တန်ဆာတွေဖမ်းမိတဲ့အကြောင်းရေးထားတာကို တွေ့ရပါတယ်။ပြည်ထောင်စုမြန်မာနိုင်ငံကြီးရဲ့ ဒုတိယ ၊ တတိယနိုင်ငံကြီးကို ထူထောင်ခဲ့တဲ့ ရပ်ကွက်တွေမှာတောင် ပြည့်တန်ဆာလုပ်ငန်းကျယ်ပြန့်လာတာဟာ ကျွန်တော်တို့ အတွက် အမျိုးသားရေးသတိပေးချက်တစ်ရပ်လို့ ကျွန်တော်ယုံကြည်ကြောင်း ရိုးသားစွာပြောလိုပါတယ်။ လွန်ခဲ့တဲ့ ၆၅ နှစ် လွတ်လပ်ရေးရပြီးကတည်းက အမျိုးသားစည်းလုံးညီညွတ်ရေးပြိုကွဲပြီး ပြည်တွင်းစစ်ဖြစ်ခဲ့တဲ့သံသရာဒီဘက်မှာလည်း ပြည်သူလူထုလက်ဝယ်အာဏာမရောက်ခဲ့တဲ့ စနစ်အောက်ကြီးမှာ စီးပွားရေးပိတ်ဆို့မှုဒဏ်ရာဒဏ်ချက် ခုနကဖြစ်တဲ့အခြေအနေဟာ အလုပ်အကိုင်အခွင့်အလမ်းမဖန်တီးပေးနိုင်ခဲ့တဲ့ ဘ၀ရဲ့အဆိုးဆုံးအမှောင်ရိပ်တွေကို ကလေးသူငယ်တွေ ၊ လူငယ်တွေ အမျိုးသမီးတွေ တွန်းပို့ခဲ့ရတဲ့အခြေအနေမျိုးပါ။ 

ပြည်ထောင်စုအစိုးရကို တင်ပြအကြံပြုချင်တဲ့အချက်က ဆင်းရဲမွဲတေမှုလျှော့ချရေးကို ဘယ်လိုလုပ်ကြမလဲ ၊ ဘယ်စနစ်နဲ့ လက်တွေ့ကိုင်တွယ်ကြမလဲ ၊ အဲဒီတော့ ဆင်းရဲမွဲတေမှုကို ကျွန်တော်တို့ အနိမ့်ဆုံးအဆင်ကနေ အမြင့်ဆုံးအဆင့်ထိ ကျွန်တော်တို့ ဆောင်ရွက်နိုင်မည့်နည်းလမ်းတွေကို ရှာဖွေရလိမ့်မယ်။မကြာသေးခင်ကပြဌာန်းလိုက်တဲ့ ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဥပဒေ ၂၀၁၃အမျိုးသားလွှတ်တော်ဥပဒေမှာ ဖွံ့ဖြိုးေ၇းလုပ်ငန်းတွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေက ပါဝင်ပြီးတော့ ဆောင်ရွက်ပေးနိုင်မယ့်ပြဌာန်းချက်ရှိပါတယ်။

 အဲဒီဖွံ့ဖြိုးရေးလုပ်ငန်းတွေရဲ့ဆင်းရဲနွမ်းပါးမှုလုပ်ငန်းတွေကို ကျွန်တော်တို့ ဘယ်လိုဆက်စပ်ကြမလဲ ၊ ဒေသခံတွေအဆင့်တွင်မကဘူး ၊ နိုင်ငံတကာအမျိုးသားအဆင့်မှာလည်း ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ ၊ အမေရိကန်မှာ စီးပွားရေးအကျပ်အတည်းဖြစ်တဲ့အခါမှာ စီးပွားရေးပြန်လည်ဦးမော့ဖို့ရန်ပုံငွေကို ဒေါ်လာဘီလီယံ(၇၀၀)ကျော်စုဆောင်းပြီးတော့ စီစဉ်ဆောင်ရွက်ခဲ့တာရှိပါတယ်။ တရုတ်မှာလည်း စီးပွားရေးအကျပ်အတည်းနဲ့ ကြုံတဲ့အခါဘီလီယံရာ နဲ့ ချီပြီးတော့ အခွင့်အလမ်း ရာနဲ့ချီပြီး ဖန်တီးခဲ့တာလည်းရှိပါတယ်။

 ကျွန်တော်တို့နိုင်ငံမှာလည်း တိုင်းပြည်ကရတဲ့အခွန်ဘဏ္ဍာတွေ နိုင်ငံတကာကပေးလာတဲ့ အကူအညီတွေ ဒီ အကူအညီတွေအပေါ်မှာ မူတည်ပြီးတော့ ဆင်းရဲမွဲတေမှုတိုက်ဖျက်ေ၇း၇န်ပုံငွေကြီးတစ်ခုကို ကျွန်တော်တို့ ထူထောင်သင့်ပါတယ်။ ဒီလိုထူထောင်တဲ့အခါ မှာလည်း အမျိုးသမီးများဟာ ဟိုအရင်က လူကုန်ကူးမှုကြောင့် သာ နိုင်ငံတကာကိုရောက်တယ်။ အခုဟာဆင်းရဲတော့ကိုယ့်ဟာကိုအဲဒီနေရာကိုရောက်အောင်သွားကြတာပါ။

 ကျွန်တော်တို့အိမ်နီးချင်း နိုင်ငံရဲ့ သန်း(၁၅၀၀)မှာ သန်း(၉၀)လောက်ဟာ ပညာမဲ့လယ်သမားများ အလုပ်လက်မဲ့အိမ်ထောင်မရှိတဲ့လူတွေ ၊ အဲဒီဈေးကွက်ကြီးကြောင့် ကျွန်တော့်ဆီက အမျိုးသမီးများစွာ ဘ၀ကို ရင်းပြီးတော့ လူကုန်ကူးခံရပါတယ်။ ဒါကြောင့်ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးဟာ အမျိုးသားဂုဏ်သိက္ခာ ၊ နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ဆိုင်တယ်။ ဆင်းရဲမွဲတေမှုလျှော့ကျရေးအတွက် ကျွန်တော်တို့အားလုံး ယနေ့ပြည်ထောင်စု လွှတ်တော်မှာ တက်ရောက်လာတဲ့ ကိုယ်စားလှယ်အသီးသီးမှာ နိုင်ငံရေးယုံကြည်ချက် ၊ ခံယူချက် ၊ လုပ်ငန်းဆောင်ရွက်တဲ့ ဒီနိုင်ငံမှာ ပကာသနဖက်တဲ့ အလှူတွေ အလားအလာမက်ပြီးတော့ လှူဒါန်းတဲ့ အလှူငွေတွေကိုထည့်သွင်းသင့်ပါတယ်။ အမြင်ချင်းတူချင်မှတူပါလိမ့်မယ်။တိုင်းချစ်ပြည်ချစ်ချစ်ထားရှိတဲ့ နေရာမှာတော့ အားလုံးအတူတူပဲရှိကြမယ်လို့ယုံကြည်ပါတယ်။

 တက်ရောက်လာကြတဲ့လူကြီးမင်းအားလုံး ဘုံလုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ အမျိုးသားအန္တရာယ်ကို ကာကွယ်ဖို့အချိန်ရောက်နေပါပြီ။ဆင်းရဲမွဲတေမှုတိုက်ဖျက်ေ၇းကို ၀ိုင်းလုပ်ပြီးတော့ကျွန်တော်တို့နိုင်ငံရဲ့ဂုဏ်သိက္ခာကိုကာကွယ်စောင့်ရှောက်ဖို့အတွက် အမေရိကန်သမ္မတကနေ ဒီပြောခဲ့တဲ့စကားလိုပါပဲ။နယကကြီးမှ တိုင်းပြည်ကဘာလိုချင်တယ်ဆိုတာ ပြောနေမယ့်အစားတိုင်းပြည်အတွက် ဘာလုပ်ပေးနိုင်မယ်ဆိုတာပြောရင်းနဲ့ ဆင်းရဲမွဲတေမှုဝိုင်းဝန်းလုပ်ကြဖို့ အဆိုအား ပြည်ထောင်စုလွှတ်တော်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကတင်ပြသွားကြောင်းသိရှိရပါသည်။

စိုးဝင်းနိုင် - The Hot News 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။