Wednesday, January 16, 2013

အစိုးရတပ်က ကာကွယ်စစ်ဆင်နွှဲနေတာလို့ ဒုတိယ၀န်ကြီး ဦးရဲထွတ် ပြောကြား



2013-01-16
ကေအိုင်အို လိုင်ဇာဌာနချုပ်ကို အစိုးရတပ်တွေက ဦးတည်တိုက် ခိုက်နေတာ မဟုတ်ကြောင်း၊ မိမိတို့ တပ်မတော်စခန်းတွေကို ပိတ်မိနေလို့ ကာကွယ်စစ်ဆင်နေတာဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွတ်က ဒီနေ့ ထပ်မံပြောကြားလိုက်ပါတယ်။
ဇန်န၀ါရီလ ၁၄ရက်နေ့က လိုင်ဇာမြို့ထဲကို  လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တယ်ဆိုတဲ့ကိစ္စမှာလဲ  သူ့အနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို မေးကြည့်လို့သိရသလောက်ဆိုရင်  အဲဒီနေ့က တပ်မတော်ကပစ်ခတ်တာ မဟုတ်ကြောင်း၊ ဒါကြောင့် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဘို့လိုကြောင်း  RFA ကို ပြောသွားပါတယ်။
ဒါ့အပြင် အစိုးရနဲ့ ကေအိုင်အို အပစ်ခတ်ရပ်စဲရေး စကားပြောနိုင်မယ့် အလားအလာတွေနဲ့ ပတ်သက်ပြီး သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးရဲထွတ်ကို RFA ၀ိုင်းတော်သား ဦးဝင်းနိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။