Tuesday, March 19, 2013

မန်းကျုံးဘေးတွင် သင်္ကြန်မဏ္ဍပ်လျှောက်ထားသူ ၁၇၂ခုရှိ


ယခုနှစ် မန်းတွင် သင်္ကြန်မဏ္ဍပ် လျှောက်ထား သူများမှာ ကျုံးဘေး တွင်သာ အများ ဆုံးဖြစ်ပြီး ဌာနဆိုင်ရာ မဏ္ဍပ်များ အပါအ၀င် ၁၇၂ခုရှိကြောင်း သိရသည်။ သင်္ကြန်မဏ္ဍပ် လျှောက်ထား လိုသူများသည် မန်းစည်ပင် အခွန် ဌာနသို့ ယခုလ ၈ ရက်နေ့တွင် နောက်ဆုံးထား လျှောက်ထား စေခဲ့ပြီး လျှောက်ထား လိုသူများမှာ အာမခံကြေး ငါးသိန်း ပေးသွင်း ခဲ့ရပြီး ကျုံးပတ် လည်တွင် တစ်ဖက်လျှင် မဏ္ဍပ် ၁၀ ခုသာ လက်ခံမည် ဖြစ်သောကြောင့် ကျုံးဘေး လျှောက်ထားလို သူများအား မဲနှိက် နေရာချ ထားပေးမည်ဖြစ်ပြီး မဲမပေါက်ပါက အာမခံကြေးငါးသိန်းမှ လေးသိန်းပြန်လည် ပေးမည် ဖြစ်ကြောင်း မြို့ထဲနှင့် အခြားနေရာ လျှောက်ထား လိုသူများသည် အာမခံကြေး ပေးသွင်းရန် မလိုကြောင်း အခွန်ဌာနမှ တာဝန်ရှိုသူ တစ်ဦးက ပြောသည်။

ယခင်နှစ် မန်းသင်္ကြန် များတွင် ကျုံးဘေး ပတ်ပတ်လည်သာ မဏ္ဍပ်များ ရှိပြီး လူစည် ကားခဲ့ကာ တစ်နေရာနှင့် တစ်နေရာ ကူးသန်းဖို့ ပင်မလွယ်၍ မန်းမြို့သူ မြို့သားများမှ ဝေဖန်မှု များရှိခဲ့ရာ ယခုနှစ်တွင် မြို့အနှံ့ အပြား စည်ကား စေရန် လမ်း ၃၀၊ ၃၅လမ်း၊ သိပ္ပံလမ်း မြို့ပတ်လမ်း၊ ၆၂လမ်း၊ ၇၃လမ်း၊ ၇၈လမ်းစသည့် လမ်းကျယ်သော နေရာများနှင့် အခြားယဉ်ကြော မပိတ်ဆို့ နိုင်သော နေရာများတွင် မဏ္ဍပ် တည်ဆောက် လိုသူများအား မန်းစည်ပင် ဌာနမှ ရေလိုအပ်ပါက အကူညီ ပေးသွားမည်ဖြစ်ပြီး သင်္ကြန် မတိုင်မီ ရုံးဖွင့်ရက် များတွင် အချိန်မရွေး လာရောက်လျှောက်ထားနိုင်ကြောင်း၊ မဏ္ဍပ် တည်ဆောက်ရာတွင် တီးဝိုင်းပါလျှင် ပေ၁၂၀နှင့် တီးဝိုင်း မပါလျှင် ပေ ၈၀အထိသာ လက်ခံ ဆောက်လုပ် ရမည်ဖြစ်ကြောင်း၊ သတ်မှတ် ချက်နှင့် ကိုက်ညီပါက စိစစ်ချ ထားပေး သွားမည်ဖြစ်ပြီး မဏ္ဍပ် တည်ဆောက် လိုသူများသည် စည်ပင်ဌာနမှ ချပေးသည့် နေရာတွင် သတ်မှတ်ထားသည့် အကျယ်အ၀န်း အတိုင်း တည်ဆောက် ရမည်ဖြစ်ပြီး မဏ္ဍပ်အောက်တွင် ဆယ်ပေပတ်လည် အမှိုက်ကန် ထားရှိရ မည်ဖြစ်ကာ ယာယီ ရေလောင်း အိမ်သာထားရှိ ရမည်ဖြစ်သည်။
ထို့အပြင် စီးကရက်၊ ဆေးလိပ်၊ ဘီယာနှင့် အရက်ကြော်ငြာများ ကပ်ခြင်း၊ ချိပ်ဆွဲခြင်း များမပြုလုပ်ရန်နှင့် မဏ္ဍပ် တည်ဆောက်ရာတွင် ပလပ်ဖောင်း အတွင်း သာတည်ဆောက် ရမည်ဖြစ်ပြီး လေအိုးသုံုးံရေပိုက်၊ မီးသက်ပိုက် ခေါင်းများဖြင့် ရေပတ်ခြင်းအား ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ကြောင်း လိုက်နာခြင်း မရှိပါက Black List စာရင်း သွင်း၍ လိုအပ်သလို အရေးယူသွား မည်ဖြစ်ကြောင်း မဏ္ဍပ်တည်ဆောက် လိုသူများ လိုက်နာရန် မန်းစည်ပင် အခွန်ဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်း ချက်များအရ သိရသည်။ 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။