Tuesday, March 19, 2013

အိမ်သာအတွင်း အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးမှုဖြစ်ပွား


နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊တိုက်အမှတ် (၄၃၁၇)၊ အခန်းအမှတ် (၂၃)တွင် မတ် ၁၇ရက်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်သာအတွင်း အမျိုးသမီးတစ်ဦး မီးလောင်သေဆုံး နေသည်ကိုတွေ့ ရကြောင်းမြန်မာနိင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။ မီးလောင် မှုဖြစ်ပွားရာသို့သတင်းအရ နေပြည်တော် အမှတ်(၉)ရဲ စခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ သ တင်းနှင့်နည်းပညာ ၀န်ကြီးဌာန၊ ဗဟိုစာတိုက်ကြီးမှ ဦး---၏ဇနီးဖြစ်သူ ဒေါ်----(၃၃)နှစ်အား နေအိမ်တိုက် ခန်း အိမ်သာအတွင်း မီးလောင်ဒဏ်ရာ များဖြင့်သေ ဆုံးနေ သည်ကိုတွေ့ရှိရကြောင်း၊ ခင်ပွန်းဖြစ်သူ ဦး--မှာ ဇနီးသည် မီးလောင်နေသည်ကို ငြှိမ်းသတ်စဉ် ၀ဲ/ယာလက်တို့တွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့သဖြင့် နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံသို့ပို့ အပ်ခဲ့ ကြောင်းသိရသည်။

နေပြည်တော်အမှတ်(၉) ရဲစခန်းသေမှုသေခင်း အမှတ်စဉ် (၁/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ရာ ဇနီးဖြစ်သူ ဒေါ်---မှာ နေအိမ်၌ ဈေးဆိုင်/ လက်လီဖွင့် လှစ်ရောင်းချပြီး ငွေကြေးလိုအပ်နေသဖြင့် လွန်ခဲ့သောတစ်ပတ်ခန့်က ငွေကျပ်(၆၅၀၀၀၀ိ/-)အား ပြင်ပမှချေးယူပေးခဲ့ကြောင်း၊ အခင်းဖြစ်နေ့ တွင် ရေလောင်း အိမ်သာခန်း အတွင်းမှ အသံများကြား ရသဖြင့် တံခါးအားဆောင့် ဖွင့်ရာ မီးတောက်များ အခန်းအပြင်သို့ ထွက်လာပြီးဦး--၏လည်ပင်း၊ ရင်ဘတ်၊ ယာဘက်ခြေထောက်နှင့် လက်နှစ်ဘက်တို့တွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ၎င်း၏ အော်ဟစ် အကူအညီတောင်း ခံမှုကြောင့်နေအိမ် တိုက်ခန်းနေထိုင် သူများမှ မီးသတ် ဆေးဗူး များဖြင့်ရောက်ရှိ လာပြီး ၀ိုင်းဝန်း မီးငြှိမ်းသတ် သဖြင့် မီးငြိမ်းသွားခဲ့ သည်။ ဒေါ်---မှာ ရေလောင်းအိမ်သာခန်း အနောက်ဘက်နံရံတွင် ခေါင်းမှီ၍ မီးလောင် သေဆုံးနေကြောင်း တွေ့ရှိရသဖြင့် တိုက်အုပ်ဖြစ်သူက အမှတ်(၉)ရဲစခန်းသို့ ဖုန်းဖြင့် အကြောင်းကြား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် သေဆုံးသူ ဒေါ်--မှာ ပျဉ်းမနားမြို့၊ ကျောက်တော်ရပ်ကွက်ဇာတိဖြစ်ပြီး၎င်းတို့တွင် အသက်(၅)နှစ်အရွယ်ခန့်ရှိ သားတစ်ဦး ရှိကြောင်း၊ ၎င်းတို့လင်မယားရန်ဖြစ်သည်ကို တွေ့မြင်ကြားသိခဲ့ရခြင်းမရှိကြောင်း ပတ်ဝန်းကျင် သက်သေများ၏ ပြောပြချက်အရ သိရှိရပြီး မှုခင်းဆရာဝန်ကြီး၏ ရင်ခွဲစစ်ဆေးချက်အရ သေဆုံးသူ ဒေါ်ခင်သန်းထွေးတွင် မီးလောင်ဒဏ်ရာမှအပ အခြားဒဏ်ရာများ တွေ့ရှိရခြင်းမရှိကြောင်းနှင့် မသေဆုံးမီ အသက်ရှူလမ်းကြောင်းမှတဆင့် အဆုတ်ထဲသို့ မီးခိုးငွေ့များဝင်ရောက်ပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းမြန်မာနိင်ငံရဲတပ်ဖွဲမှသိရသည်။ 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။