Tuesday, March 19, 2013

မန်းတွင် စခန်းမှူးတစ်ဦး ကိုယ့်ကိုယ်ကို ဆွဲကြိုးချသတ်သေမှုဖြစ်ပွား

မန်းတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် စခန်းမှူး ရဲအုပ် ထွန်းအောင်ကျော် (၄၀)နှစ်မှာ မိမိနေအိမ်တွင် ယခု လ၁၂၇က်က ဆွဲကြိုးချသေဆုံးခဲ့ ကြောင်းသိရသည်။ ဖြစ်စဉ်မှာ ယခုလ ၁၂ရက်နေ့မနက် ၁၀နာရီခန့်တွင် ရဲအုပ်ထွန်းအောင် ကျော်မှာ မိမိနေအိမ်တွင် နိုင်လွန် ကြိုးဖြင့် ဆွဲကြိုးချသေဆုံးနေကြောင်း သိရသဖြင့် မြို့နယ်တရားသူကြီး၊ စဥ့်ကူးမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် မှုခင်းဆရာဝန်တို့ သွားရောက်စစ်ဆေးရာ မိမိကိုယ် ကိုယ်ကို သက်သေခြင်းသာဖြစ်ပြီး တရားပြင်ပဒဏ်ရာ မတွေ့ရှိရကြောင်း သိရသည်။ အဆိုပါစခန်းမှူး ရဲအုပ် ထွန်းအောင်ကျော်သည် သေဆုံးချိန်တွင် ဇနီးသည် တစ်ဦးနှင့် သူငယ်တန်း တက်ရောက်နေသည့် ကလေး ငယ်တစ်ဦးရှိကြောင်း ဇနီးသည်နှင့် ကလေးမှာဘုန်း ကြီးကျောင်းသို့ ယဉ်ကျေးလိမ္မာ သင်တန်းသွား ရောက်တက်နေစဉ် ယခုလိုဖြစ်ပွားခဲ့ပြီး သေဆုံးသူ တွင် တခြားရောဂါမရှိဘဲ မသေဆုံးမီ ၁၀ရက်ခန့်တွင် ညပိုင်းမအိပ်ခြင်းများရှိကြောင်း သေဆုးံသူ မိသားစုဝင် များက ပြောသည်။ ရဲအုပ်ထွန်းအောင်ကျော်မှာ လူမှုရေးအရှုပ်အရှင်းမရှိခြင်း အောက်လက်ငယ်သားများနှင့် အထက်အရာ ရှိများနှင့် အဆင်ပြေခြင်းများ ရှိကြောင်း မန်းလေးတိုင်းဒေသကြီး တိုင်းရဲမှူး ဦးစိုးငြိမ်းက Popular news ဂျာ နယ်သို့ ပြောသည်။ သူက အောက်လက်ငယ်သားတွေနဲ့လည်း အဆင်ပြေတယ်။ တခြားလူမှုရေးအရှုပ်ရှင်းလည်းမရှိဘူး။ သူဖာသာပဲနေတာ။ တခြား စိတ်ခံစားမှုတစ်ခုခုကြောင့်ပ ဖြစ်မှာပါ ဟု ဦးစိုးငြိမ်းက ပြောသည်။ 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။