Tuesday, March 19, 2013

ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အပါအဝင် ဖွံ့ဖြိုးရေး ကဏ္ဍများတွင် ကုလသမဂ္ဂ အဖွဲ့ခြောက်ဖွဲ့မှ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည်


ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အပါအဝင် ဖွဲ့ဖြိုးရေး ကဏ္ဍများတွင် ကုလသမဂ္ဂ အဖွဲ့ခြောက်ဖွဲ့မှ မြန်မာအစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့ခြောက်ဖွဲ့၏ မြန်မာနိုင်ငံ ခရီးစဉ်အပြီး မတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့သော ကြေညာချက်အရ သိရသည်။

ကုလသမဂ္ဂ ဖွဲ့ဖြိုးမှု အစီအစဉ် (UNDP)၊ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)၊ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA)၊ ကုလသမဂ္ဂ စီမံကိန်း ဝန်ဆောင်မှုများရုံး (UNOPS)၊ ကုလသမဂ္ဂ အမျိုးသမီးများအဖွဲ့ (UN-Women) တို့မှ ကိုယ်စားလှယ် အဖွဲ့သည် မတ်လ ၈ ရက်မှ ၁၉ ရက်နေ့အထိ ဆယ်ရက်တာ ခရီးစဉ်အတွင်း အစိုးရ တာဝန်ရှိသူများ၊ လွှတ်တော် တာဝန်ရှိသူများ၊ ရန်ကုန်၊ နေပြည်တော် အပါအဝင် မြန်မာပြည် အလယ်ပိုင်း၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်တောင်ပိုင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကိုယ်စားလှယ် အဖွဲ့သည် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး၊ ကောင်းမွန်သော အုပ်ချူပ်မှု ဖြစ်ပေါ်လာရေး၊ ကျားမ တန်းတူညီမျှမှုများ အပါအဝင် အခြားကဏ္ဍများတွင် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို အစိုးရ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။