Saturday, May 26, 2012

တောင်သမန်အင်းတွင်ပြုလုပ်မည့် ပလပ်စတစ်ကောက်ပတ်ဝန်းကျင်ထိမ်းသိမ်းရေးကမ်းပိန်း

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၌ တောင်သမန်အင်းတွင် ပလပ်စတစ်ကမ်းပိန်းနှင့်အတူ ပတ်ဝန်းကျင်ထိမ်း သိမ်းရေးအသိပညာပေးပွဲတစ်ရပ်အား သဘာဝချစ်သူကွန်ယက်မှ အကောင် အထည်ဖော်သွားမည်ဖြစ်သည်။

 
မန္တလေးတိုင်း၊ အမရပူရမြို့နယ် တောင်သမန်အင်းအနီး ပတ်ဝင်းကျင်တွင်နေထိုင်သော ရပ်ရွာလူထားအား ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိအမြင်များပွင့်လာစေရန်အတွက် လာမည့်သြဂုတ်လ(၅)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် အသိပညာဖြန့်ဝေပေးရန် ရည်ရွယ်ခြင်း ဖြစ်သည်။

`` တောင်သမန်အင်းဝန်ကျင်းက ရွာလေးတွေဖက်သွားပြီး ပလတ်စတစ်ကောက်တဲ့ကမ်ပိန်းကို လုပ်သွားမှာပါ ၊ အဲဒီကိုသွားရင် မျက်လှည့်လိုဖျော်ဖြေမှုတွေပေးပြီး ရွာသားတွေကို မျက်လှည့်ပြရင်းသဘာဝပတ်ဝန်းကျင်ကို   ထိန်းသိမ်းဖို့  ပညာပေးအစီအစဉ်လေးတွေကိုပါ ထည့်သွင်းပြသသွားဖို့ အစီအစဉ်ရှိတယ် ´´ ဟု သဘာဝချစ်သူကွန်ယက်မှ မဖူးပွင့်သဉ္ဇာဖြိုးက ပြောသည်။ 


တောင်သမန်အင်းသည် နိုင်ငံခြားသားများ အများဆုံးလာရာနေရာတစ်ခုဖြစ်ပြီး မန္တလေးတိုင်းရှိ လူစည်ကားသော သမိုင်းဝင်အပမ်းဖြေနေရာတစ်ခုလည်း ဖြစ်သည်။


`` ခုလို တောင်သမန်ဝင်းကျင်မှာ ပတ်ဝန်းကျင်ထိမ်းသိမ်းဖို့ အသိပညာပေးတာတွေ လုပ်မယ် ဆိုတော့ အများကြီး ကျေနပ်မိပါတယ်။ တစ်ခါတစ်ခါ ကျွန်တော်တို့ကို ဧည့်သည်တွေက ဒီပတ် ၀န်းကျင်မှာ အမှိုက်တွေမြင်ရင် မကြိုက်ဘူးပြောသွားတာတွေ ကြုံဘူးတယ် ´´ ဟု မန္တလေးမြို့ရှိခရီးသွားလမ်းညွှန်အမျိုးသားတစ်ဦးက  ပြောသည်။


သဘာဝပတ်ဝန်းကျင်ချစ်သူကွန်ယက်ကို မန္တလေးမြို့တွင်ဖွဲ့စည်းထားပြီး အခြားကွန်ယက်များနှင့် ချိတ်ဆက်ကာ   ဆောင်ရွက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။