Saturday, May 26, 2012

မော်လိုက်ကလေးကျေးရွာ အဖွဲ့ ချုပ်ရုံးဖွင့်ပွဲ

ကလေးမြို့နယ် မော်လိုက်ကလေးကျေးရွာတွင် မေလ(၂၅)ရက်နေ့က NLD
ဆိုင်းဘုတ်တင်ပွဲနှင့် ရုံးဖွင့်ပွဲအခမ်းအနားကို ဘုရားကြီးရပ်ကွပ်ရှိ
ဦးတင်ထွန်း၏ နေအိမ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကလေးမြို့ NLD ပါတီမှ တာဝန်ရှိသူများ၊ ပါတီဝင်များ၊
ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပြီး ပါတီအတွင်းရေးမှူး ဦးဘမင်းမှ ပါတီ၏
သမိုင်းကြောင်းနှင့် ရှေ့လုပ်ငန်းစဉ်၊ ပါတီလူငယ် ကိုကြည်ရအောင် မှ
ဒီမိုကရေစီဖြစ်ပေါ်လာပုံ စာတမ်းနှင့် ဒေသခံကဗျာဆရာများမှ ဂုဏ်ပြုကဗျာများ
ရွတ်ဆိုခဲ့ကြပြီး နံနက်(၁၁)နာရီတွင် ကြွေးကြော်သံများနှင့် ရုတ်သမ်းခဲ့ကာ
တက်ရောက်လာသူများအား နံနက်စာဖြင့် ဧည့်ခံခဲ့ကြောင်း သိရပါသည်။

Myanmar News Now



No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။