မန္တလေးမြို့တွင် မေလ ၂၃ ရက်နေ့၊ ညအချိန်တွင် မီးလောင်မှု ၂
ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပထမအကြိမ် မီးလောင်မှုမှာ ည ၇
နာရီကျော်အချိန်ခန့်က ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ် အကွက်နံပါတ်
ညည ၈၀ အင်းခရုဘုရားအရှေ့ဘက်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး
ဆုံးရှုံးမှု အနည်းငယ်သာရှိခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ် မီးလောင်မှုမှာ ည ၁၁ နာရီ ၄၅ မိနစ်အချိန်က
မဟာအောင်မြေမြို့နယ် ရတနာဘုမိအရှေ့ အကွက် ၅၄၀၊ နတ်ဝင်းရပ် ၈၂ လမ်း၊ ၃၆
လမ်းနှင့် ၃၇ လမ်းကြားရှိ ရွှေလသာ အဆင့်မြင့်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းတွင်
အင်ဗာတာမှတဆင့် မီးလောင်ကျွမ်းခဲ့ပြီး ပေ ၂၀၊ ပေ ၆၀ နံကပ်အိမ်တစ်လုံး
ပျက်စီးဆုံးရှုံးခဲ့ကြောင်း ၁၂ နာရီ ၁၅ မိနစ်တွင်
မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။