Wednesday, November 28, 2012

၈၈ မျိုးဆက်ကျောင်းသားများရဲ့ တနင်္သာရီတိုင်းခရီးစဉ် ကော့သောင်းမှာ အဆုံးသတ်

2012-11-27
၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင်တွေရဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဖော်ဆောင်ရေး တနင်္သာရီတိုင်းခရီးစဉ်ရဲ့ နောက်ဆုံးအစီအစဉ်အဖြစ် ကျောင်းသားခေါင်းဆောင်တွေဟာ မနေ့ည ၈ နာရီ က ကော့သောင်းမြို့ကို ရောက်ရှိလာခဲ့ကြပါတယ်။
Photo: RFA/Nay Myo Htun
၈၈မျိုးဆက်ကျာင်းသားများရဲ့ တနင်္သာရီတိုင်းခရီးစဉ်တွင် ဘုတ်ပြင်းမြို့က ဟောပြောပွဲကို တွေ့ရစဉ်
ကျောင်းသားခေါင်းဆောင်တွေဟာ ဒီကနေ့မနက် ၈ နာရီခွဲမှာ ကော့သောင်းမြို့ဘောလုံးကွင်း တိုက်တန်းလမ်းက မဉ္ဇူသကခန်းမရှေ့မှာ မြို့ခံလူထုတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
အဲဒီနောက် ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ တနင်္သာရီတိုင်းအတွင်း ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေးခရီးစဉ်ကို အဆုံးသတ်မယ်လို့သိရပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။