Saturday, 12 May 2012
ဒါရိုက်တာအလွှာမှ ဒါရိုက်တာများအားလုံးကို ဖိတ်ခေါ်၍ ကြုံတွေ့ရလျက်ရှိသည့်
အခက်အခဲများကို ဆွေးနွေးတင်ပြစေမည့် အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်ကို
မေလလယ်ပိုင်းတွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၌ ပြုလုပ်ရန်
စီစဉ်ထားသည်ဟု သတင်းရရှိသည်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၌ ဧပြီလအတွင်းက ပြုလုပ်ခဲ့သော ဆွေးနွေးပွဲတစ်ရပ်
''ဒါရိုက်တာအလွှာမှာရှိနေတဲ့ ဒါရိုက်တာတွေအားလုံးကို ဖိတ်ခေါ်ပြီး အလုပ်ရုံဆွေးနွေးပွဲတစ်ခု လုပ်ဖို့ ရှိပါတယ်။ အဓိကတော့ ဒါရိုက်တာတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေ ဘယ်လိုဖြေရှင်းဖို့ လိုအပ်မယ်၊ ဘယ်ပြဿနာကဖြင့် အရေးတကြီး ဖြေ ရှင်းရမယ်ဆိုတာတွေကို အားလုံး ၀ိုင်းဝန်းဆွေးနွေးတိုင်ပင်ပြီး ဖြေရှင်းကြဖို့ပါပဲ။ ဒီလိုဆွေးနွေးခြင်းအားဖြင့် တစ်ယောက်အခက်အခဲ တစ်ယောက် ဖြေရှင်းလို့ရမှာပါ။ အခုလို အလုပ်ရုံ ဆွေးနွေးပွဲမျိုးတွေကို မကြာခဏ လုပ်နိုင်အောင်လည်း ကြိုးစားသွားမှာပါ'' ဟု ဒါရိုက်တာမျိုးဇော်အောင်က ရှင်းပြခဲ့သည်။
ဒါရိုက်တာအလွှာမှ ဒါရိုက်တာများအားလုံးကို ဖိတ်ခေါ်ကာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်မည့် အစီအစဉ်အတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့မှလည်း ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပြီး ရိုက်ကူးရေး အတွက် နယ်သို့ရောက်ရှိနေသည့် ဒါရိုက်တာများအားလုံးကိုလည်း တက်ရောက်ရန် ဖိတ်ခေါ်သွားမည်ဟု သိရှိရသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ခိုးကူးခွေကိစ္စ၊ ပိတ်ပင်ခံထားရသည ဇာတ်ကားများ ပြန်လည် ပြသခွင့်ရရှိရန်ကိစ္စ၊ ဈေးကွက်ကျဆင်းမှုပြဿနာများကို အဓိက ဆွေးနွေးညှိနှိုင်းသွားရန် စီစဉ်ထားသည်ဟု သိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။