
ကချင်ပြည်နယ်အတွင်းရှိ မြစ်ဆုံဒေသအား ယခုနှစ်မတ်လအတွင်းက တွေ့ရစဉ်
မြန်မာနိုင်ငံတွင် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ လာရောက် လည်ပတ်မှုများနှင့် ပတ်သက်၍ ခွင့်ပြုဒေသများနှင့် ကန့်သတ်ဒေသများ စသည်ဖြင့်ရှိပြီး ကချင်ပြည်နယ်ရှိ ဒေသအချို့သည်
ကန့်သတ်ဒေသများတွင် ပါဝင်ကာ ကြိုတင်ခွင့်ပြုချက်ဖြင့် သွားလာရသော ဒေသများ ဖြစ်သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရှိရသည်။
နယ်စပ်ဝင်ပေါက်မှ ၀င်ရောက်မှုများအနေဖြင့် လိုင်ဇာဝင်ပေါက်မှ တစ်ဆင့် Entry Petmit ဖြင့် ၀င်ရောက်လာသော ဧည့်သည်များအား မြစ်ကြီးနားမြို့အထိသာ ကြိုတင်ခွင့်ပြုချက်ရယူ၍ သွားလာခွင့်ပြုထားကြောင်း၊ ကန်ပိုက်တီးဝင်ပေါက်မှ မြစ်ကြီးနားမြို့အထိသာ ၀င် ရောက်ခွင့်ပြုထားကြောင်း သိရသည်။
လိုင်ဇာနှင့် ကန်ပိုက်တီး ၀င်ပေါက်များမှ တရုတ်နိုင်ငံသား ဧည့်သည်များအား မြစ်ဆုံအထိ ကြိုတင် ခွင့်ပြုချက်ရယူ၍ သွားလာခွင့်ပြုထားကြောင်း၊ လွယ်ဂျယ်ဝင်ပေါက်မှ ဗန်းမော်အထိသာ Entry Petmit ဖြင့် ခွင့်ပြုထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်း ကမ္ဘာလှည့် ခရီးသည်များနှင့် နိုင်ငံခြားသားဧည့် သည်များ လှည့်လည်သွားလာနိုင်သည့် ခရီးစဉ်ဒေသများတွင် ကြိုတင်ခွင့်ပြုချက်ဖြင့် သွားလာခွင့်ရသည့် ဒေသများသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်တို့တွင် တည်ရှိနေသည်။
လိုင်ဇာနှင့် ကန်ပိုက်တီးဝင်ပေါက်များမှ တရုတ်နိုင်ငံသား ဧည့်သည်များအား မြစ်ဆုံအထိ ကြိုတင်ခွင့်ပြုချက်ရယူ၍ သွားလာခွင့်ပြုထားကြောင်း၊ လွယ်ဂျယ်ဝင်ပေါက်မှ ဗန်းမော်အထိသာ Entry Petmit ဖြင့် ခွင့်ပြုထားကြောင်း သိရသည်။ |
ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား၊ ဟိုပင်၊ မိုးညှင်း၊ မိုးကောင်း၊ ပူတာအို၊ ဗန်းမော် စသည်တို့သည် ယာဉ်ကန့်သတ်ချက်ဖြင့် သွားလာခွင့်ရသည့် ဒေသများဖြစ်ပြီး ဟိုပင်၊ မိုးညှင်း၊ မိုးကောင်း၊ ပူတာအိုဒေသ နောင်မွန်းမြို့နယ်၊ ပန်နန်းဒင်မြို့နယ်ခွဲရှိ ခါကာဘိုရာဇီ၊ ပူတာအိုမြို့နယ်ရှိ ဖုန်ကန်ရာဇီတောင်၊ ဖန်ဂရမ်တောင်၊ မချမ်းဘော၊ ဆွမ်ပရာဘွမ်၊ ဗန်းမော်စသည်တို့သည် ကြိုတင်ခွင့်ပြုချက်ရယူပြီး သွားလာနိုင်သော ဒေသများဖြစ်သည်ဟု သိရှိရသည်။
ကချင်ပြည်နယ်ရှိ မြစ်ဆုံသည် မေခမြစ်နှင့် မလိခမြစ်တို့ ဆုံဆည်းရာမှ ဧရာဝတီမြစ် စတင်ဖြစ်ပေါ်လာသောဒေသဖြစ်ပြီး သဘာဝလှပခြင်းကြောင့် ပြည်တွင်း၊ ပြည်ပခရီးသွားများအကြား ခရီးသွားဆွဲဆောင်မှု တစ်ရပ်ဖြစ်ခဲ့ကာ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်ရေးလုပ် ငန်းများ လုပ်ဆောင်ခဲ့ခြင်း၊ ရွှေတူး ဖော်ရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းတို့ကြောင့် လက်ရှိအချိန်တွင် သဘာဝအနေအထားများ ယိုယွင်းမှုကိုလည်း ရင်ဆိုင်နေရသောဒေသ ဖြစ်သည်။
မြန်မာနိုင်ငံတွင် နယ်စပ်ဝင်ပေါက်များသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ အရှေ့ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး စသည်တို့တွင် တည်ရှိနေပြီး ၂၀၁၁ ခုနှစ် အတွင်း ခရီးသွားဦးရေ ၄၂၅၁၉၃ ဦး ၀င်ရောက်ခဲ့သည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။