Monday, May 14, 2012

ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းက နိုင်/ကျဉ်းများနှင့်စာနယ်ဇင်းမိားစုဝင်များအတွက် ဒုတိယအကြိမ် ငွေလှူဒါန်း

နိုင်ငံရေးအကျဉ်းသားများ၊ အကျဉ်းသားဟောင်းများနှင့် စာနယ်ဇင်းမိသားစုဝင်များအတွက် ဟံသာဝတီဦးဝင်းတင်ဖောင်ဒေရှင်းက ဒုတိယအကြိမ်မြောက် အလျှုငွေပေးအပ်ပွဲ အခမ်းနားအား မေလ(၁၂)ရက်နေ့ နေ့လည်ပိုင်းတွင် တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်ခဲ့သည်။

အလျှုငွေပေးအပ်ရာတွင် အခက်ခဲမှုအခြေအနေအလိုက် (၃)သိန်းမှ (၅)သိန်းအထိသတ်မှတ်၍  စုစုပေါင်း ငွေကျပ် (၃၄)သိန်းအား   ပေးအပ်ခဲ့ခြင်းဖြစ်ပြီး၊နောင်တွင်လည်း ဆက်လက်၍ အလျှုငွေများပေးဦးမည် ဖြစ် ကြောင်း ဦးဝင်းတင်ဖောင်ဒေးရှင်းမှ ပြောရေး ဆိုခွင့်ရှိသူ ဆရာအောင်သင်းက ဆိုသည်။
 
“ကျွန်တော်တို့ ဦးဝင်းတင်ဖောင်ဒေးရှင်းကနေပြီးတော့ အကျဉ်းကျခံနေရဆဲဖြစ်တဲ့ နိုင်ငံရေးသမား မိသားစု တွေရဲ့ အခက်အခဲကို ကူညီထောက်ပံ့ပေးတာပါ နောက်ပြီး အကျဉ်းထောင်ထဲမှာ ရှိတဲ့ နိုင်ငံရေးသမားတွေ ကိုလည်း အမြန်ဆုံးလွတ်စေချင်ပါတယ်။” ၎င်းက ပြောသည်။
 
နိုင်ငံရေးနယ်ပယ်မှ သက်ကြီးရွယ်အိုများနှင့် စာနယ်ဇင်းဆရာများ အပါအ၀င် စုစုပေါင်း (၁၀)ဦးအား ဟံသာဝတီဦးဝင်းတင်၊ ဆရာအောင်သင်း၊ ဦးအုန်းကြိုင် (NLD)နှင့် ဖောင်ဒေးရှင်းမှတာဝန်ရှိသူများက  အလျှုငွေများပေးအပ်ခဲ့ခြင်းဖြစ်သည်။
 
 “ထောက်ပံ့မှုတွေ လိုအပ်နေတယ်ဆိုရင် ကျွန်တော်တို့ ဖောင်းဒေးရှင်းကို ကိုယ်ကိုယ်တိုင်ဖြစ်စေ အဖွဲ့စည်းနဲ့ ဖြစ်စေ လာလျှောက် လို့ရပါတယ်။ သေသေချာချာ စိစစ်ပြီးတော့ ကူညီပေးသွားမှာပါ”ဟု ဦးဝင်တင် ဖောင်းဒေး ရှင်း ဥက္ကဋ္ဌ ဟံသာဝတီ ဦးဝင်းတင်က ပြောသည်။
 
ဦးဝင်တင်ဖောင်းဒေးရှင်းအား ၂၀၁၂ခုနှစ် မတ်လတွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ်တွင် ငွေကျပ် (၃၇)သိန်း လျှုဒါန်းနိုင်ခဲ့ပြီး၊ ယခုဒုတိယအကြိမ်တွင် ငွေကျပ် (၃၄)သိန်းလှူဒါန်းခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။