Monday, May 14, 2012

နမ့်ခမ်း လ၀က ဒေသခံများကိစ္စလစ်လျှူရှုနေ

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့  လ၀က ရုံးမှ သည် ဒေသခံ အိမ်ထောင်စုစရင်း
ပျောက်ဆုံးသူများကို အသစ်ပြန်လုပ်ပေးဖို့ ကြံ့ကြာနေကြောင်းသိရပါသည်။

နမ့်ခမ်းမြို့ နယ် နောင်စန့်ကုန်းကျေးရွာမှ အိမ်ထောင်ဦးစီး ဒေါ်သန်းကြည် အမည်ဖြင့်
အိမ်ထောင်စုစာရင်းပျောက်ဆုံးခဲ့သည်မှာ ကြာခဲ့ပါပြီ။ အသစ်ထုတ်ပေးဘို့နှင့်
၎င်း အိမ်ထောင်စုဝင် တစ်ဦး ရန်ကုန်သို့ ပုံစံ( ၁၀ ) ဖြင့်ပြောင်းရန်
လုပ်နေသည်မှာ တစ်လ နီးပါးရှိပေမဲ့ ခုထိ လုပ်မပေးသေးပါကြောင်း မိသားစုဝင်
တဦးက Myanmar News Now ကိုပြောပြပါသည်။

ထိုထက်သာမက အသက် ၃၇ နှစ်ရှိသော အိမ်ထောင်စုဝင်တစ်ဦးလည်း
မှတ်ပုံတင်မရှိသေးပါဟု ဆိုသည်။

နမ့်ခမ်းမြို့  လ၀က တစ်ရုံးလုံးက ငွေရသော တရုတ်နိုင်ငံကူးလက်မှတ် အတွက်ကိုသာ
ဦးစားပေးလုပ်ဆောင်နေပြီး ၊ ဒေသခံများ၏ အမှု့ ကိစ္စများကို တော့ ဟိုရွှေ့ ဒီရွှေ့ 
ရက်တွေ ချိန်း၊ ဟိုလူဆီပို့ ဒီလူဆီပို့နှင့် စာရိတ်ထောင်းနေကြောင်း နမ့်ခမ်းမြို့ 
ခံတဦး က Myanmar News Now ကို ပြောပြပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။