NLD လွှတ်တော်တက်ရေး ဒီမိုကရေစီ အင်အားစုပါတီများ ကြိုးပမ်းမည်![]() |
ဒေါက်တာအေးမောင် |
တိုးတက်ရေးပါတီမှ ဒေါက်တာ အေးမောင် နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ပါတီမှ ဒေါက်တာမြတ်ဉာဏစိုး တို့က လွှတ်တော်တွင်း နေရာအများဆုံးရရှိထားသည့် ပြည်ခိုင်ဖြိုးပါတီ၏ အခြေအနေကိုစောင့်ကြည့်ပြီးမှသာ စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား သည်။
‘‘လွှတ်တော်ထဲမှာဆိုရင် USDP က အမတ်တွေက အများဆုံးပါပါတယ် ၊ ဖွဲ့စည်းပုံကို ပြင်မယ်ဆိုရင် ပြည်ထောင်စု လွှတ်တော်မှာ တက်ရောက်နေတဲ့ အမတ် ၂၀ ရာခိုင်နှုန်း ၊ ရှိဖို့လိုအပ်ပါတယ်၊ ဒီဥပဒေကို ပြင်ဆင်ဖို့ တင်မယ်ဆိုရင် USDP က ပါတီအင်အား ပိုများတဲ့အတွက် မို့လို့ ဒီပါတီကြီးက NLD အမတ်တွေဝင်လာဖို့ တင်ပေးမလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အကယ်၍ USDP က မဆောင်ရွက်ခဲ့ရင် ကျွန်တော် နဲ့ ဒေါက်တာ အေးမောင် ပေါင်းပြီး တိုင်းရင်းသားပါတီတွေ ဒီမိုကရေစီ အင်အားစု ပါတီတွေအား လုံး ပူးပေါင်းပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်’’ ဟု ဒေါက်တာ မြတ်ဉာဏစိုး က ပြောကြားသည်။
‘၂၀ ရာခိုင်နှုန်း မှာ အမတ်ဦးရေ ၁၃၀ လောက်လိုအပ်တယ် ကျွန်တော်တို့မှာ အဲဒီ အမတ်အရေအတွက် မရှိဘူးရင်တောင် ကျွန်တော်တို့မရှုံးပါဘူး ၊ ကျွန်တော်တို့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အမြတ် တစ်ခုလို့ ပဲ မြင်ပါတယ် ’’ ဟု ဒေါက်တာအေးမောင်က ဆိုသည်။
Yangon Media Group
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။